နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာရဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို လက်မလျှော့သေးဘူးလို့ သိရပါတယ်။ သတင်းတွ အရ ဆိုရင်တော့ ယူနိုက်တက်က ဒီယောင်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိကြောင်း သိရပါတယ်။  

ဘာစီလိုနာရဲ့ လက်ရှိ လုပ်ခ လစာ အများဆုံး ကစားသမား တစ်ဦး အဖြစ် ရပ်တည်နေတဲ့ ဒီယောင်ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ကြောင်း သိရပါတယ်။ ဒီယောင်ဟာ ဇာဗီ လက်ထက်မှာ ဘာစီလိုနာရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာရရှိနေတာကြောင့် အသင်း အတွက် သက်ရောက်မှု နည်းလာသူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ အေဂျက်စ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ ဒီယောင်ဟာ ကတ်တာလန် ကလပ် အတွက် ပွဲဦးထွက် ရာသီမှာ တစ်ရာသီကို အနည်းဆုံး ပွဲ ၄၀ အနည်းဆုံး ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီယောင်က ပြီးခဲ့တဲ့ ရာသီ မှာတော့ ပွဲပေါင်း ၃၀ သာ ကစားနိုင်ခဲ့သလို ဒီရာသီမှာလည်း ၂ ပွဲသာ ကစားထားရပါသေးတယ်။ 

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ ဖရန်ကီ ဒီယောင်ကို ပြီးခဲ့တဲ့ ရာသီတွေထဲက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း ဒီယောင်ကို ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေထံ အသည်းအသန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ၂၀၂၂ နွေရာသီကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်သည်။ အဲဒီ အချိန်တုန်းက ယူနိုက်တက်၊ ဘာစီလိုနာနဲ့ ဖရန်ကီ ဒီယောင်ရဲ့ အပြောင်းအရွှေ့ ပုံပြင်ဟာ တစ်ထောင့်တစ်ညထက် ရှည်လျားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ကစားသမားက ငြင်းဆန် ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာက မကြာခဏ ဆိုသလို ဒဏ်ရာရနေတဲ့ ဖရန်ကီ ဒီယောင်ကို အသင်းမှာ ဆက်ထိန်းထားလိုခြင်း မရှိတော့ပဲ ယူနိုက်တက် ကသာ သင့်လျော်တဲ့ ကမ်းလှမ်းမှု ရရှိရင် ထွက်ခွာခွင့်ပေးသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ယူနိုက်တက် ဘက်ကလည်း ဒီယောင်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတဲ့ အတွက် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။ 

၂၀၁၉ ခုနှစ်မှာ အေဂျက်စ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဒီယောင်က ဘာစီလိုနာ အတွက် ၅ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၁၃ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နယ်သာလန် လက်ရွေးစင် အသင်း အတွက်တော့ ၂၀၁၈ ခုနှစ်မှာ စတင် ကစားခွင့် ရခဲ့ပြီး ၅၄ ပွဲ ကစားကာ ၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒီယောင်ဟာ ဗဟို ကွင်းလယ် နေရာမှာ အပိုင်နိုင်ဆုံး ကစားနိုင်သူ ဖြစ်ပြီး နယ်သာလန်ရဲ့ နှလုံးသားလို့တောင် ပြောလို့ ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်