ပြင်သစ် လူငယ် တိုက်စစ်မှူးလေး မက်သီ တဲလ် ကတော့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံး ရက်မှ ဘေယန်မြူးနစ် ကနေ တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ တဲလ်က အစောပိုင်းမှာ စပါးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပေမယ့် နောက်ဆုံး မှာတော့ အငှား + အပြီးသတ် ခေါ်ယူခွင့်တွေနဲ့ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ခဲ့သွားခဲ့တာပါ။ တဲလ်ရဲ့ ပြောကြားချက်အရ သူ့အနေနဲ့ စပါးကို ပြောင်းရွှေ့ခဲ့ရခြင်း ရည်ရွယ်ချက်ဟာ ဟယ်ရီကိန်းရဲ့ လွှမ်းမိုးမှုတွေကြောင့် ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
တဲလ်က အပြောင်းအရွှေ့နဲ့ ပတ်သက်လို့တော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဟယ်ရီကိန်း ကျွန်တော့်ကို ပြောတာက ဒီအသင်းဟာ ကစားသမားကောင်းတွေ အများကြီး ရှိတဲ့ ကလပ် တစ်ခု ဖြစ်ပြီးတော့ သူတို့ရဲ့ အိမ်ကွင်း ကလည်း အရမ်းပဲ ကောင်းပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေး စင်တာ ကလည်း အရမ်း ကောင်းတယ်။ အဲဒီ အသင်းဆီ သွားရင် သေချာပေါက် ပျော်ရွှင်ရလိမ့်မယ်လို ပြောပါတယ်။ ကျွန်တော် ဟယ်ရီကိန်း ဆီကနေ သိလိုက်ရလိုက်တဲ့ အရာ အားလုံးက အပြုသဘောဆောင်ပါတယ်။” လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ စပါးမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး တစ်ဦးချင်း အောင်မြင်မှုတွေ စံချိန်ကောင်းတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဘဝ ဆုဖလား အောင်မြင်မှု လုံးဝ မရရှိဘူးသေးတာကြောင့် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကိန်းက သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်းနဲ့ ပတ်သတ်လာရင် အမြဲတမ်းလိုလို ကောင်းမွန်တဲ့ စကားတွေကိုပဲ ပြောကြားတတ်သူ ဖြစ်ပါတယ်။
အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် တိုက်စစ် ကြယ်ပွင့်လေးက လက်ရှိ ရာသီ ဘေယန်မြူးနစ်မှာ ပွဲထွက်ကစားခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မက်သီ တဲလ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါး တို့က ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။ စပါးက မက်သီ တဲလ် အတွက် ယူရို သန်း ၆၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ဘေယန်မြူးနစ် နဲ့လည်း သဘောတူညီမှု ရရှိခဲ့ပါတယ်။ တဲလ် ကိုယ်တိုင် ကတော့ စပါးကို ပယ်ချပြီး ယူနိုက်တက်ဆီ ပိုမို ပြောင်းရွှေ့ချင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်နဲ့ ဘေယန်မြူးနစ် တို့ အကြားမှာ တဲလ် အတွက် သဘောတူညီမှု မရခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်သွားပြီး စပါးက ထပ်မံ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
စပါးနည်းပြ အန်ဂျီ ပိုစတီကိုဂလူး ကိုယ်တိုင်က တဲလ်ကို အသင်းထံ ပြောင်းရွှေ့လာခဲ့ဖို့ တိုက်ရိုက် ဆက်သွယ် စည်းရုံးနိုင်ခဲ့ပြီး နောက်ဆုံး မှာတော့ ပြင်သစ်စားက တော့ စပါးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ တဲလ်က ဘေယန်မြူးနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာကို ကျော်လွန်နိုင်ခြင်း မရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်သားက ကိန်း ပေးတဲ့ အကြံညဏ်နဲ့ ကိန်းရဲ့ အသင်းဟောင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
စပါး ကတော့ လက်ရှိမှာ ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့နေရပြီးတော့ အသင်းရဲ့ အဓိက ကစားသမား အများအပြားလည်း အနားယူနေရပါတယ်။ ဒါကြောင့် စပါးက လက်ရှိ ဆောင်းရာသီ ဈေးကွက်မှာ ဂိုးသမား ကင်စကီးနဲ့ အတူ နောက်ခံလူ ဒန်ဆိုနဲ့ တိုက်စစ်မှူး တဲလ် တို့ကို ခေါ်ယူ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁၀ မှတ်သာ ကွာဟနေပါတယ်။ စပါးက ယူရိုပါလိဂ် မှာတော့ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းထားပြီး မစ်ဂျယ်လန်း၊ ဆိုစီဒက်၊ ဂါလာတာဆာရေး၊ အေဇက် အဲလ်ခမာ တို့ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.