နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ကို ရှုံးရင် ချန်ပီယံပြေးလမ်းက ထွက်ရလိမ့်မယ်လို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ ပေါလ် မာဆင် | ပရီးမီးယားလိဂ်

အာဆင်နယ် အနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရင်တော့ ချန်ပီယံ ပြေးလမ်း ကနေ ထွက်ခွာရလိမ့်မယ်လို့ ပေါလ် မာဆင်က သတိပေးစကား ပြောကြားလာခဲ့ပါတယ်။    

ပေါလ် မာဆင်က “ဒီပွဲမှာ အာဆင်နယ် ရှုံးပြီး ရာသီအကုန်မှာ ချန်ပီယံ ဆုဖလား ရယူနိုင်ခဲ့မယ် ဆိုရင်တော့ အံ့အားသင့်စရာ ဖြစ်လာပါလိမ့်မယ်။ လက်ရှိ အချိန်မှာ သူတို့ အနေနဲ့ တစ်သင်းတည်းနဲ့ ပြိုင်နေရတာ မဟုတ်ပါဘူး။ နှစ်သင်းနဲ့ ပြိုင်နေရတာပါ။ ဒီပွဲပြီးရင်တော့ နောက်ထပ် ၂၉ ပွဲ ကျန်နေသေးတယ် ဆိုပေမယ့် ရာသီအစမှာ ဆိုရင် ၃၈ ပွဲ ကစားဖို့ ကျန်တာပါ။ ကျွန်တော်က မန်စီးတီးနဲ့ လစ်ဗာပူးလ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ပြောရင် ခင်ဗျားက အာဆင်နယ်လည်း ဖြစ်နိုင်တယ်လို့ ပြောလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို ၇ မှတ် အသာပေးထားမယ် ဆိုရင် ချန်ပီယံဆုကို နှစ်တစ်သန်းလောက် အတွင်းမှာ ရယူနိုင်မှာ မဟုတ်ပါဘူး။ အခုက ၂၉ ပွဲပဲ ကျန်တော့မှာပါ။  ဒါကြောင့် အာဆင်နယ် အနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ချန်ပီယံ ပြေးလမ်း ပေါ်ကနေ ထွက်ခွာသွားရလိမ့်မယ်လို့ ကျွန်တော် ကတော့ ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့ အခြား ဂန္ထဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ အီယန် ရိုက် ကတော့ နည်းပြ မီခဲလ် အာတေးတား အနေနဲ့ လစ်ဗာပူးလ်နဲ့ ပွဲမှာ ဆယ်ကျော်သက် ကစားသမား အီသန် နွမ်နရီကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုတယ်လို့ အကြံပြုခဲ့တယ်။ ဒါ့အပြင် ရိုက်က နွမ်နရီကို ဒီကလန် ရိုက်စ်၊ မာရင်နို တို့နဲ့ အတူ ပွဲထုတ်သင့်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။ လက်ရှိ ရာသီမှာ အာဆင်နယ်က ခြေစွမ်းပိုင်း အရမ်းကြီး မဆိုးလှပေမယ့် ကွင်းလယ် ဖန်တီးရှင် မာတင် အိုဒီဂတ် ဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်မှာတော့ ဂိုးတွေ ရဖို့ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲက အနီကတ်ထိကာ ၁၀ ယောက် အနေအထားနဲ့ ကစားခဲ့ရပြီး နိုင်ပွဲတွေ ပျောက်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ၃ ပွဲမှာ ရမှတ်တွေ ဆုံးရှုံးထားရတာ ဖြစ်သလို ၁၁ ယောက်ချင်း ကစားရတဲ့ ကျန်ပွဲစဉ်တွေမှာတော့ ရာနှုန်းပြည့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်တာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ အဓိက ကစားသမား တချို့ မပါဝင်နိုင်ချိန်မှာတောင် ပုံစံ ပျက်မသွားအောင် ကစားနေနိုင်ပေမယ့် ကစားအား ကတော့ သိသိသာသာ ထိုးကျပြီး အားရစရာ ခြေစွမ်းမျိုးနဲ့ မမြင်တွေ့ရတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ မီခဲလ် အာတေးတား ကတော့ ဒီတစ်ပတ်မှာ ကစားရမယ့် လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက် သူတို့ အသင်းကို အပြည့်အဝ ယုံကြည့်ထားဖို့ ကတိပေး စကား ပြောကြားထားခဲ့ပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရမှတ် ၂၁ မှတ်နဲ့ ရပ်တည်နေပြီးတော့ အာဆင်နယ် ကတော့ ၁၇ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ လစ်ဗာပူးလ်ကို ဧည့်ခံကစားရမှာ ဖြစ်ပြီးတော့ အနိုင်ရရှိရင် ရမှတ် ကွာဟမှုကို လျှော့ချနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့ရင်တော့ လစ်ဗာပူးလ်နဲ့ ၇ မှတ် အထိ ကွာဟသွားမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်