ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ရုန်းကန်နေရပြီးနောက် မျှော်လင့်နိုင်တဲ့ ဆုဖလား ဆိုလို့ အက်ဖ်အေဖလားသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ မန်စီးတီးက ချန်ပီယံလိဂ် ပြိုင်ပွဲ ရှုံးထွက် ပလေးအော့ဖ် ကနေလည်း ပူပူနွေးနွေး ထွက်ခွာထားခဲ့ရပြီးနောက် ဂွါဒီယိုလာ ကိုယ်တိုင်က ရာသီအကုန်မှာ Top 4 ဝင်ဖို့သာ ကြိုးပမ်းရတော့မှာ ဖြစ်ကြောင်း ဘယ်အရာမှ ထာဝရ မတည်မြဲကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ဒီစကား ကိုတော့ ပပ် ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက “အမ်ဘာပေးရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ သေချာ မကာကွယ်နိုင်ခဲ့ဘူး။ အဲဒါက ပိုခက်ခဲပါတယ်။ အကောင်းဆုံး အသင်းက အနိုင်ရသွားတာပါ။ သူတို့က အဲဒါနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် တို့က ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ အုပ်စု အဆင့်ကို အမြဲတမ်း ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ ဗိုလ်လုပွဲနဲ့ ဆီမီးဖိုင်နယ်တွေလည်း ရောက်ဖူးပါတယ်။ ဒါပေမယ့် ဒီရာသီ မှာတော့ ပြိုင်ပွဲ အားလုံးမှာ ကျွန်တော်တို့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ အရင် ၃ ရာသီမှာ ကျွန်တော် တို့က ရီးရဲလ်မက်ဒရစ်ထက် ပိုကောင်းတယ်လို့ ခံစားမိပေမယ့် ဒီတစ်ကြိမ် မှာတော့ သူတို့က ပိုကောင်းပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံပြီးတော့ ရှေ့ဆက်ရမှာပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ၁၃ ပွဲ ကစားဖို့ ကျန်နေပါသေးတယ်။ နောက်ရာသီ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ခွင့် ရဖို့ ကြိုးစားရမှာပါ။ ဘယ်အရာမှ ထာဝရ မတည်မြဲပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ပလေးအော့ဖ်မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ၂-၃၊ အဝေးကွင်းမှာ ၃-၁ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ပြီးတော့ ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မတိုင်ခင် ထွက်ခဲ့ရခြင်းဟာ ဂွါဒီယိုလာ အတွက် နည်းပြ ဘဝ ပထမဦးဆုံး အကြိမ် ဖြစ်သလို တစ်ရာသီ အတွင်း ၁၃ ပွဲ ရှုံးနိမ့်ခြင်း ကလည်း နည်းပြ သက်တမ်း တစ်လျှောက် ပထမဆုံး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒါ့အပြင် မန်ချက်စတာစီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားထားပြီး ၁၃ ပွဲနိုင်၊ ၅ ပွဲ သရေကျကာ ရှုံးပွဲ ကတော့ ၇ ပွဲအထိ ရှိထားတာ ဖြစ်ပါတယ်။ မန်စီးတီးက လက်ရှိ ပရီးမီးယားလိဂ် Top 4 အတွင်းမှာ ရှိနေပေမယ့် အဆင့် ၅ နေရာက ဘုန်းမောက်၊ အဆင့် ၆ နေရာက ချဲလ်ဆီး တို့နဲ့ ၁ မှတ်သာ ကွာဟနေသလို၊ အဆင့် ၇ နေရာက နယူးကာဆယ် နဲ့တော့ ၃ မှတ်သာ ကွာဟနေပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်က စပြီး လက်ရှိအချိန်ထိ ရုန်းကန်နေရကာ အဓိက ပြိုင်ပွဲကြီး ၄ ခုမှာ ၃ ခုက ချန်ပီယံ ပြေးလမ်းပေါ် ကနေ သွေဖယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီး အတွက် ချန်ပီယံဆု မျှော်လင့်နိုင်တာ ဆိုလို့ အက်ဖ်အေဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားသာ ကျန်ရှိတော့ပေမယ့်လည်း အသင်းကောင်းတွေကို ကျော်ဖြတ်ရဦးမှာ ဖြစ်တာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.