နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် အနေနဲ့ အိုဆင်မ်ဟန်နဲ့ လီယောင်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်တဲ့ ပီတစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ လက်ရှိမှာ ထိပ်တန်း အဆင့် အသင်း တစ်သင်း ဖြစ်လာပေမယ့်လည်း ဆုဖလား အောင်မြင်မှုတွေနဲ့တော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ ဒီလို ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေရခြင်းဟာ ထိပ်တန်း အဆင့် အထောင်တိုက်စစ်မှူး မရှိတာကြောင့်လို့ ဘောလုံး ကျွမ်းကျင်သူ တော်တော်များများက သုံးသပ်နေကြတာ ကြာခဲ့ပါပြီ။

အခုလက်ရှိ မှာလည်း အာဆင်နယ်ရဲ့ ကစားသမားဟောင်းကြီး အီမန်နူရယ် ပီတစ်က အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အခြား ချန်ပီယံဆုတွေ စိန်ခေါ်နိုင်ဖို့ အတွက် ဗစ်တာ အိုဆင်မ်ဟန်နဲ့ ရာဖေးလ် လီယောင် တို့လို ထိပ်တန်း တိုက်စစ် ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်ကြောင်း အကြံပြု တိုက်တွန်းလိုက်ပြန်ပါတယ်။

ပီတစ်က “အာဆင်နယ်က အိုဆင်မ်ဟန်လို ထိပ်တန်း တိုက်စစ်မှူး တစ်ဦး လိုအပ်နေတဲ့ အပြင် ဂါဘရီရယ်လ် မာတင်နယ်လီနဲ့ အကောင်းဆုံး အလှည့်ကျ အသုံးပြုနိုင်ဖို့ အတွက်လည်း လီယောင်ကို လိုအပ်ပါတယ်။ ကစားသမားတွေ အနေနဲ့ ပွဲထွက် ကစားခွင့်ရဖို့ အတွက် ဒီလို အပြိုင်အဆိုင် ဖြစ်ဖို့ ကလည်း လိုအပ်ပါသေးတယ်။ ကျွန်တော် ဒီမတိုင်ခင် ကလည်း ပြောပါသေးတယ်။ အာဆင်နယ်ဟာ တခြားသော အသင်းကြီးတွေလို ကစားသမား အင်အား တောင့်တင်းမှု မရှိသေးဘူးလို ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ကစားသမား အင်အားဖြည့်ဖို့ ကျိန်းသေပေါက် လိုအပ်ပါတယ်။ အခု ကျွန်တော် ပြောလိုက်တဲ့ ကစားသမားတွေက အာဆင်နယ်ကို နောက်တစ်ဆင့် ရောက်အောင် ပိုဆောင်ပေးနိုင်သူတွေ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပီတစ်က “ဒီလို ခေါ်ယူမှုတွေ ပြုလုပ်နိုင်ရင်တော့ နည်းပြ မီခဲလ် အာတေးတား လက်ထက် အာဆင်နယ်ကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြီးတွေမှာ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာအောင် လုပ်ဆောင်နိုင်ပါတယ်။” လို့ တိုက်တွန်းခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလ အတွင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လက်တကမ်း အကွာကို ရောက်ခဲ့သလို မန်စီးတီး ကိုလည်း အနီးကပ် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာသီအကုန်မှာတော့ မန်စီးတီး ကိုသာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခွင့်ပေးခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိရာသီမှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၉ မှတ် ပြတ်နေခဲ့ပြီးတော့ ချန်ပီယံဆု အတွက် မျှော်လင့်ချက်မဲ့နေခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရလည်း ပြီးခဲ့တဲ့ ရာသီတွေ ကလောက် အားရစရာ မရှိတဲ့ မီခဲလ် အာတေးတားရဲ့ အသင်းက ချန်ပီယံလိဂ် မှာလည်း ရလဒ်ပိုင်းက အားရစရာတော့ မရှိသေးပါဘူး။ ဒီလို အရေးကြီး ပြိုင်ပွဲ နှစ်ခုမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အတွက် ဆိုရင်တော့ ကစားသမား အင်အား တောင့်တင်းနေဖို့ လိုအပ်ကြောင်း ထိပ်တန်း တိုက်စစ် ကစားသမားတွေ ခေါ်ယူဖို့ လိုအပ်နေကြောင်း ပီတစ်က အကြုံပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလော မှာတော့ ဗစ်တာ အိုဆင်မ်ဟန်ရဲ့ အနာဂတ်က အကြီးအကျယ် လှုပ်ခတ်လျက် ရှိနေပြီးတော့ ရာဖေးလ် လီယောင် ကတော့ အေစီမီလန် ကနေ ထွက်ခွာဖြစ်ရင်တောင်မှ ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ချင်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်