ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီ ကတော့ GOAT နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ရဲ့ ခြားနားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ ရိုဒရီဟာ ယခင်က လူအေး တစ်ယောက် အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့်လည်း ဘယ်လွန်ဒေါဆုရှင် ဖြစ်အပြီး မှာတော့ အင်တာဗျူးတွေ ဆက်တိုက် ဖြေဆိုနေခဲ့တာ ဖြစ်ပါတယ်။
စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီ ကတော့ စီနီယာ ဘယ်လွန်ဒေါဆုရှင်တွေ ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တိုရဲ့ ခြားနားချက်တွေနဲ့ သူတို့နဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်ကစားသမားက သူ့အတွက် အခက်ခဲဆုံးလဲ ဆိုတာ ကိုပါ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ရိုဒရီက“လီယွန်နယ် မက်ဆီဟာ ထာ၀ရ အကောင်းဆုံး ကစားသမား တစ်ဦး ဆိုတာ လုံးဝ သံသယဝင်စရာ မရှိပါဘူး။ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ မွေးရာပါ ပါရမီ မပါပဲနဲ့ မက်ဆီကို ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေနဲ့ ယှဉ်ကစားလိုက်တဲ့ အခါမှာ ခြားနားမှုတွေကို မြင်လာရပါတယ်။ ခရစ္စတီယာနိုက ဧရိယာထဲမှာ ကြောက်စရာ ကောင်းလွန်းလို သူ့ကို ဂိုးဧရိယာထဲ မဝင်စေချင်ကြပါဘူး။ ဒါပေမယ့် မက်ဆီနဲ့ ကစားရရင်တော့ ကွင်း တစ်ကွင်းလုံးရဲ့ နေရာတိုင်းလိုလိုမှာ အန္တရာယ် ရှိနေတတ်ပါတယ်။ မက်ဆီ ခြေထောက်ထဲ ဘောလုံးရောက်နေချိန်ဆို ‘ဟာ…ဒုက္ခပါပဲ’ လို့တောင် တွေးမိပါတယ်။ သူနဲ့ ပထမဆုံး ယှဉ်ကစားခဲ့ရတုန်းက ဆိုရင် ကျွန်တော် သူ့ဆီ ကနေ ဘောလုံး ရယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက အသာလေး ရှောင်တိမ်းသွားခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။
ရိုဒရီဟာ အက်တလက်တီကိုမက်ဒရစ်၊ ဗီလာရီးယဲလ် တို့မှာ ကစားခဲ့စဉ် အချိန်တုန်းက မက်ဆီ ရော်နယ်ဒို တို့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆက်လက်ပြီး ရိုဒရီက “ပြီးတာနဲ့ ဆိုးရွှားတဲ့အရာ တစ်ခု ဖြစ်ပေါ်လာတော့မယ် ဆိုတဲ့ ခံစားချက်မျိုးတွေပါ ခံစားမိလာရရော။” ဆိုပြီး ရိုဒရီက ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုဒရီ အနေနဲ့ Goal.comနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခု မှာတော့ အမြဲတမ်း အကောင်းဆုံး ကစားသမား အဖြစ် မက်ဆီနဲ့ ရော်နယ်ဒို တို့ကို ကျော်ပြီး သူရဲ့ မန်ချက်စတာစီးတီး အသင်းဖော် ဖြစ်တဲ့ ကီဗင် ဒီဘရွန်းနား ကိုသာ ရွေးချယ်ခဲ့ပါတယ်။
လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကတော့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို အကြိမ်ရေ အများဆုံး ရရှိထားကြသူတွေ ဖြစ်ပါတယ်။ ဒီနှစ်ယောက်မှာမှ မက်ဆီက ၈ ကြိမ်နဲ့ ရော်နယ်ဒိုက ၅ ကြိမ် အထိ ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ ၂၀၂၄ ဘယ်လွန်ဒေါ ဆုပေးပွဲရဲ့ ဆန်ခါတင် အယောက် ၃၀ စာရင်း မှာတော့ မက်ဆီရော၊ ရော်နယ်ဒိုပါ ပါဝင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒီနှစ် အတွက် ဘယ်လွန်ဒေါဆု ကိုတော့ စပိန် ကွင်းလယ် ခံစစ်ကစားသမား ဖြစ်တဲ့ ရိုဒရီက ဗင်နီးစီးယပ်စ် ဂျူနီယာကို အံ့အားသင့်ဖွင့် ကျော်ဖြတ်ပြီး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရိုဒရီက ACL ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အတွက် ရာသီကုန်အထိ ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ ရိုဒရီဟာ စပါးကို အိမ်ကွင်းမှာ ၀-၄ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ သူ့ရဲ့ ဘယ်လွန်ဒေါဆုကို ထုတ်ဖော်ပြသ အောင်ပွဲခံခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.