ဒီကနေ့ည မှာတော့ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ထိပ်တိုက် တွေ့ဆုံကစားကြမှာ ဖြစ်ပြီးတော့ ပွဲမတိုင်ခင်မှာတော့ နှစ်သင်း အကြား စိတ်ဓာတ် စစ်ဆင်ရေးတွေ ပြုလုပ်လျက် ရှိပါတယ်။ လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာက မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ဘဝက လွယ်ကူတယ်လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
မိုဟာမက် ဆာလာက ဟာလန်းနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော် သူ့ကို အရမ်းပဲ လေးစားပါတယ်။ နောက်ဆုံး ကစားတဲ့ ပွဲအပြီးမှာ ကျွန်တော်တို့ တစ်ခါပဲ စကားပြောဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူက တိုက်စစ်မှူး ဖြစ်နေတော့ သူ့ဘဝက ပိုပြီး လွယ်ကူပါတယ်။ သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်။” ဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး“ဒါပေမယ့် သူက တိုက်စစ်မှူး အဖြစ် ကစားလို့ သူ့ဘဝက လွယ်ကူတာပါ။ တောင်ပံ ကစားသမား တစ်ယောက် အနေနဲ့ အဲ့ဒီလို ရလဒ်မျိုး ရဖို့က တော်တော်လေး ခက်ခဲပါတယ်။ ဘယ်တောင်ပံ ကစားသမား မဆို ဒါကို ပြောနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ အကြားမှာ မတူညီ ကွဲပြားတဲ့ အမြင်တွေ ရှိတယ်လို့ မြင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ သူက တိုက်စစ်မှူး ဖြစ်ပြီးတော့ ကျွန်တော်က တောင်ပံ ကစားသမား ဖြစ်နေလို့ပါ။”ဆိုပြီး မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဆာလာရဲ့ လစ်ဗာပူးလ်ရော ဟာလန်းရဲ့ မန်စီးတီးပါ အခုကြားရက်ထဲမှာ ပွဲကြပ်တွေ ကိုယ်စီ ကစားထားခဲ့ရတာကြောင့် ပွဲပန်းမှု ဒဏ်ကို အနည်းနဲ့ အများခံနေရမှာ ဖြစ်ပေမယ့်လည်း ဟာလန်း ကတော့ နယူးကာဆယ်နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲကို လွဲချော်ထားပြီး လစ်ဗာပူးလ်နဲ့ ပွဲကိုပါ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
မိုဟာမက် ဆာလာနဲ့ အာလင်း ဟာလန်း တို့ဟာ သက်ဆိုင်ရာ ကလပ်တွေ အတွက် အားအထားရဆုံး အဓိက ကစားသမားတွေ ဖြစ်နေကြပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း ဂိုးတွေ အပြိုင်အဆိုင် သွင်းယူနေကြပါတယ်။ ဆာလာက သွင်းဂိုး ၂၄ ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသလို ဟာလန်း ကလည်း ၁၉ ဂိုးနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။
လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး လစ်ဗာပူးလ်က ၁ ကြိမ် အနိုင်ရထားပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ မန်စီးတီးက မန်စီးတီးက ၂ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျထားပါတယ်။လက်ရှိ မန်စီးတီးမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေပြီးတော့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အဓိက နောက်ခံလူ ဂျွန် စတုန်းစ် ထပ်မံ ဒဏ်ရာရရှိထားပါသေးတယ်။ စတုန်းစ် အပြင် နောက်ထပ် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ အကန်ဂျီ ကလည်း ဒဏ်ရာရနေတာကြောင့် မန်စီးတီး အနေနဲ့ ပွဲပန်းတာ အပြင် ဒဏ်ရာပြဿနာတွေပါ ရှိနေလို့ လစ်ဗာပူးလ်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့တော့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.