မန်ချက်စတာယူနိုက်တက် အနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရမှာကို စိုးရိမ် ကြောက်ရွံ့မိကြောင်း အသင်းရဲ့ ဂန္တဝင် ဖြစ်တဲ့ ပေါလ်စခိုးလ်က ညီးတွား ပြောဆိုလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီးတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာက လက်စတာနဲ့ ၁၂ မှတ်သာ ကွာဟနေခဲ့တာ ဖြစ်ပါတယ်။
ပေါလ် စခိုးလ်က “စိုးရိမ်စရာ အနည်းငယ်တော့ ရှိပါတယ်။ သူ (အာမိုရင်မ်) လည်း လိုအပ်တာ အတော်လေး များပါတယ်။ ကျွန်တော်တို့ အားလုံး ဒါကို သိထားပါတယ်။ အထူးသဖြင့် အပြောင်းအရွှေ့ကာလမှာပေါ့။ ဂိုးသမား တစ်ယောက်၊ ဗဟိုခံစစ်မှူး နှစ်ယောက်၊ ကွင်းလယ်လူ နှစ်ယောက်၊ တိုက်စစ်မှူး နှစ်ယောက် လိုအပ်ပါတယ်။ ဒါပေမယ့် အသင်းက ကွင်းလယ်လူ တစ်ယောက်နဲ့ တိုက်စစ်မှူး တစ်ယောက်ပဲ ခေါ်ရင်လည်း ဖြစ်ပါတယ်” ဟု စခိုးလ်က Overlap Fan Debate ကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “အသင်းတွေကို ကြည့်လိုက်ရင် အဓိက ကျောရိုးက အရေးကြီးပါတယ်။ လစ်ဗာပူးလ် ဆိုရင် ဂိုးသမားကောင်း ရှိတယ်။ ဗဟို ခံစစ်မှူး ကောင်းတွေလည်း ရှိတယ်။ ရှေ့တန်း၊ ကွင်းလယ် အတူတူပါပဲ။ ယူနိုက်တက်မှာ ဒီလိုအနေအထားမျိုး ရှိမနေပါဘူး။” လို့လည်း ဆိုပါတယ်။ ဒါကြောင့် ပေါလ်စခိုးလ်က ယူနိုက်တက် အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ၅ ဦးလောက် မခေါ်ယူနိုင်ရင် တန်းဆင်းရနိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရနိုင်ကြောင်းလည်း သတိပေး ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းမှာ အဓိက အားနည်းနေပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ တောင်ပံ ခံစစ် အတွက် ပက်ထရစ် ဒေါ်ဂူနဲ့ ဗဟို ခံစစ် နေရာ အတွက် အေဒင် ဟေဗန် တို့ကိုသာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပေမယ့်လည်း ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲ အနိုင်ရရှိထားတာကြောင့် လက်ရှိ ရာသီ တန်းဆင်း အန္တရာယ် အတွက် ကတော့ အနည်းငယ် စိတ်အေးစရာ ဖြစ်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ အပြောင်းအရွှေ့ အသုံးစရိတ် အတွက် ပေါင် သန်း ၆၀၀ ကျော် သုံးစွဲထားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ တစ်ခုတည်း မှာတင်ပဲ ပေါင် သန်း ၂၀၀ သုံးစွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို အပြောင်းအရွှေ့ အတွက် ငွေသုံးစွဲမှု များပြားခဲ့သည့် တိုင်အောင် ယူနိုက်တက်က နိုင်ပွဲထက် ရှုံးပွဲတွေ များပြားနေခဲ့ပြီးတော့ ဒီအခြေအနေကို ပရိသတ်တွေ ကလည်း တော်တော်လေး စိတ်ပျက်နေပါတယ်။ ယူနိုက်တက်က တန်ဟက်ဂ် လက်အောက်မှာ ရုန်းကန်ခဲ့ရသလောက် နည်းပြ ရူဘင် အမော်ရင် လက်ထက် မှာလည်း ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမော်ရင် စတင် ကိုင်တွယ်ချိန် ကနေ စလို့ ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားရာမှာ ၁၀ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၈ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး နိုင်ပွဲ ရာခိုင်နှုန်း ကလည်း ၅၀ ရာခိုင်နှုန်းပဲ ရှိထားပါတယ်။
ဒါပေမယ့် ယူနိုက်တက်က အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်ကို ရောက်ရှိနေပြီး ယူရိုပါလိဂ် မှာလည်း ၁၆ သင်း အဆင့်ကို ရောက်ရှိနေခဲ့ပါတယ်။ အမော်ရင်ရဲ့ အသင်းက လာမယ့် တနင်္ဂနွေနေ့ မှာတော့ သူတို့လိုပဲ ရုန်းကန်နေရတဲ့ စပါးကို ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.