နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်စတွန်ဗီလာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ချီးကျူးလိုက်တဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ကတော့ ဒီကနေ့ ညမှာ အက်တွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး သူတို့ အတွက် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာပါ။ ဒီပွဲ မတိုင်ခင်မှာတော့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က ဗီလာ တောင်ပံ တိုက်စစ် ကစားသမားသစ် မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ကစားသမားရဲ့ အရည်အသွေးတွေကို ချီးကျူးစကား ပြောကြားလာခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လာမယ့် မတ်လ အတွင်းမှာ နယူးကာဆယ်နဲ့ ခါရာဘောင်ဖလား ဗိုလ်လုပွဲ ကစားရဖို့ ရှိနေတာကြောင့် အခု ကြားရက်မှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ကို ကြိုတင် ကစားရတာ ဖြစ်ပါတယ်။ အကယ်၍ လစ်ဗာပူးလ်ဟာ ဒီပွဲစဉ် ကိုသာ အနိုင်ရခဲ့မယ် ဆိုရင်တော့ အဆင့် ၂ နေရာက အာဆင်နယ်ကို ၁၀ မှတ် အထိ ဖြတ်တောက်နိုင်မှာလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ပထမအကျော့မှာ အက်စတွန်ဗီလာကို အန်ဖီးလ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပေမယ့် ဗီလာပါ့ခ် မှာတော့ သေချာပေါက် ခက်ခဲဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဆလော့တ်က “မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ်ကို စောင့်ကြည့်ရင်း သိထားပြီးသားပါ။ ဒါပေမယ့် သူ့ကို တကယ်တမ်း ပထမဆုံး တွေ့ခဲ့တာက အမေရိကန် ရာသီကြို ခရီးစဉ်မှာပါ။
အက်စတွန်ဗီလာ အတွက် ဂိုးသွင်းယူပေးနိုင်ခြင်း မရှိသေးတဲ့ ရက်ရှ်ဖို့ဒ်

ဒါ့အပြင် လက်ရှိ အက်စတွန်ဗီလာမှာ လစ်ဗာပူးလ်နဲ့ တွေ့ဆုံချိန်တွေ ဆိုရင် ခြေစွမ်းပြတတ်တဲ့ တောင်ပံ တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်လည်း ပါဝင်နေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ ဆောင်းရာသီ ဈေးကွက် ကမှ မန်ချက်စတာယူနိုက်တက် ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာကို အငှားနဲ့ ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် ကစားသမား အဖြစ် လစ်ဗာပူးလ်နဲ့ တွေ့ဆုံချိန်တွေမှာ လစ်ဗာပူးလ် ဘက်ကို ၇ ဂိုး အထိ သွင်းယူခဲ့ဖူးပြီးတော့ အခုပွဲ မှာလည်း ဗီလာ အတွက် ပွဲထွက် ကစားသမား အဖြစ် ကစားရဖွယ် ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီးတော့ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ်က “မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ပရီးမီးယားလိဂ်ကို စောင့်ကြည့်ရင်း သိထားပြီးသားပါ။ ဒါပေမယ့် သူ့ကို တကယ်တမ်း ပထမဆုံး တွေ့ခဲ့တာက အမေရိကန် ရာသီကြို ခရီးစဉ်မှာပါ။ သူ့ရဲ့ အမြန်နှုန်းကို မြင်ပြီး အရမ်းကို အထင်ကြီးမိသွားပါတယ်။ အရပ်အမောင်းလည်း ကောင်းတယ်။ ဘောလုံးကိုင်တွယ်တာလည်း ကောင်းတယ်။ အရမ်း ကောင်းတဲ့ ကစားသမားပါ။ ဗီလာ မှာလည်း အခုလိုပဲ ကောင်းလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဆလော့တ်က“ဒါပေမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ မဟုတ်ဘူး။ ဒီလို ကစားသမားမျိုးက နောက်လတွေမှာ သူ့ရဲ့ အရည်အသွေးကို မပြသနိုင်ဘူး ဆိုရင် ကျွန်တော် အံ့ဩမိမှာပါ။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာ အတွက် စပါးနဲ့ အက်ဖ်အေဖလား ပွဲစဉ်၊ အစ်ပ်ဆွစ်ချ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားထားရသေးပြီး အခုထိတော့ ဗီလာ အတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မလုပ်ဆောင်ရသေးပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်