နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ဟာ အကောင်းဆုံး ပုံစံ မရသေးကြောင်း ပြောလာတဲ့ ဆလော့တ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ်က သူတို့ အသင်း အနေနဲ့ အကောင်းဆုံး ပုံစံ မရသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲ နိုင်၊ ၁ ပွဲရှုံး ရလဒ် ရရှိထားပြီး ရမှတ် ၂၁ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဘောလုံး အသိုင်းအဝိုင်းက လစ်ဗာပူးလ်ရဲ့ ခြေစွမ်း အပေါ် ချီးကျူးမှုတွေ ပြုလုပ်နေပေမယ့်လည်း နည်းပြ အာနေး ဆလော့တ် ကတော့ နှိမ့်ချ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ်က သူတို့ အသင်း အနေနဲ့ အခုထက် ပိုပြီး တိုးတက်လာနိုင်သေးကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဆလော့တ်က “ပွဲတိုင်း ရလဒ်ကောင်းအောင် တောင်းဆိုလို့ မရနိုင်ပါဘူး။ ဒါပေမယ့် တိုးတက်ဖိ့် အတွက်တော့ အမြဲတမ်း အခွင့်အရေး ရှိပါတယ်။ ချဲလ်ဆီးနဲ့ ပွဲမှာ ကျွန်တော်တို့ အနေနဲ့ ပွဲကို လွှမ်းမိုးနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါက သေချာပါတယ်။ ချဲလ်ဆီး ကတောင် ကျွန်တော် တို့ထက် ပွဲကို ပိုပြီး လွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ ကျွန်တော့်ရဲ့ အသင်းက ပွဲကို ပိုပြီး လွှမ်းမိုးကစားနိုင်တာကို မြင်ချင်တာပါ။ ဒါပေမယ့် ယူနိုက်တက်၊ ချဲလ်ဆီး တိုနဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ အသင်းရဲ့ ကစားသမားတွေ အနေနဲ့ စင်တီမီတာတိုင်း၊ အခိုက်အတန့်တိုင်း တိုက်ပွဲဝင် ကစားခဲ့ကြတာကို ခင်ဗျား တို့လည်း မြင်မှာပါ။ အနာဂတ်မှာ ကျွန်တော်တို့ အသင်း အနေနဲ့ ပွဲကို ပိုပြီး လွှမ်းမိုးကစားနိုင်ဖို မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆလော့တ်ရဲ့ အသင်းက လာမယ့် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

ဒါ့အပြင် ဆလော့တ်က အစောပိုင်းမှာ သူတို့ အသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အခြေအနေနဲ့ ပတ်သတ်လို့ ပွဲကြပ်ကာလ ပြီးမှသာ ဆုံးဖြတ်ကြဖို့ ပြောဆိုထားခဲ့ပါသေးတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ပွဲကြပ် ၇ ပွဲ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ လာမယ့် နိုဝင်ဘာလကုန်ပိုင်း အထိ ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာ လိုက်ပ်ဇစ်နဲ့ အဝေးကွင်း၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ အာဆင်နယ်နဲ့ အဝေးကွင်း၊ အောက်တိုဘာ ၃၀ ရက်နေ့မှာ ဘရိုက်တန်နဲ့ အဝေးကွင်း၊ နိုဝင်ဘာ ၂ ရက်နေ့မှာ ဘရိုက်တန်နဲ့ အိမ်ကွင်း၊ နိုဝင်ဘာ ၅ ရက်နေ့မှာ လေဗာကူဆင်နဲ့ အိမ်ကွင်း၊ နိုဝင်ဘာ ၉ ရက်မှာ အက်စတွန်ဗီလာနဲ့ အိမ်ကွင်း၊ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ အဝေးကွင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အိမ်ကွင်း ပွဲစဉ်တွေ ယှဉ်ပြိုင် ကစးရမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး သူတို့ရဲ့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ဆလော့တ်ရဲ့ အသင်းက လာမယ့် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်