လက်ရှိ set-piece အားနည်းချက်တွေကြောင့် လစ်ဗာပူးလ် အနေနဲ့ ပရီးမီးယားလိဂ် Top 4 သို့မဟုတ် top 5 အတွင်း အဆုံးသတ်နိုင်ဖို့ အခွင့်အရေး မရှိကြောင်း နည်းပြ အာနေး ဆလော့တ်က ယုံကြည်နေပါတယ်။
လစ်ဗာပူးလ် ကတော့ တိုက်စစ်နဲ့ ခံစစ် နှစ်မျိုးစလုံးမှာ set-piece အားအနည်းဆုံး ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီအခြေနေကို စိတ်ပျက်နေတဲ့ နည်းပြ အာနေး ဆလော့တ်က set-piece တွေကြောင့် ဆက်လက် ရုန်းကန်နေရမယ် ဆိုရင် သူတို့ အသင်း ထိပ်ဆုံး ၅ သင်း အတွင်း ဝင်ဖို့ ခက်ခဲမယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး Opta ရဲ့ စူပါကွန်ပျူတာ ကလည်း ကြိုးကြာနီတွေဟာ သူတို့၏ သရဖူကို ကာကွယ်ဖို့ အခွင့်အရေး ၁ ရာခိုင်နှုန်းသာ ရှိကြောင်း သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်က ရလဒ်ပိုင်း တိုးတက်လာခဲ့တဲ့ လစ်ဗာပူးလ်က အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဖိအားပေးနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ set-piece အားအနည်းဆုံး အသင်းက ဝုဗ် ဖြစ်ပြီး ၁ ဂိုးသာ ရရှိထားပါတယ်။ ဝုဗ် ပြီးရင်တော့ လစ်ဗာပူးလ်နဲ့ ဘရန့်ဖို့ဒ် ဖြစ်ပြီး ၃ ဂိုးစီသာ သွင်းယူထားနိုင်ပါတယ် (ပင်နယ်တီ မပါ)။ တစ်ဖက် မှာတော့ လစ်ဗာပူးလ်က set-piece တွေ ကနေ ၁၁ ဂိုး ခွင့်ပြုထားခဲ့ရပြီး ဒါဟာ ဘုန်းမောက်နဲ့ အတူ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် အဆိုးရွား အခြေအနေကို ပိုင်ဆိုင်ထားခဲ့ရတာ ဖြစ်ပါဝယ်။

ဒီရာသီမှာ ဆိုရင် အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့လို အသင်းတွေဟာ set-piece သွင်းဂိုး အရေအတွက် နှစ်ဆ တိုးလာတာကို တွေ့ရမှာပါ။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ခေတ်သစ်ဂိမ်းရဲ့ အဓိက အစိတ်အပိုင်း တစ်ခုကို လျစ်လျူရှုထားတယ်လို့ ဆလော့တ်က ယုံကြည်နေပြီး အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။
“အဲဒီအရာရဲ့ အရေးပါမှုကို ကျွန်တော် သိပါတယ်။ ဒါက ပိုပိုပြီး အရေးကြီးလာပါတယ်။ အဲဒါကြောင့် ကျွန်တော် တို့ရဲ့ လက်ရှိ မှတ်တမ်းကို အရမ်းပဲ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ တစ်ဝက်လောက်မှာ set-piece ကနေ တစ်ဂိုးမှ မပေးခဲ့ရတဲ့ အတွက် ဒီရာသီမှာ ကျွန်တော် တို့ရဲ့ အခြေအနေက အကြီးအကျယ် စိတ်ပျက်စရာပါပဲ။ ကျွန်တော် တို့ရဲ့ set-piece မျှခြေနဲ့ Top 5 ဝင်ဖို့ မဖြစ်နိုင်ပါဘူး။ လိဂ် အနိုင်ရဖို့က ပိုလို့တောင် မဖြစ်နိုင်ပါဘူး။”
“ကျွန်တော် တို့က ဇယားထိပ်ဆုံးမှာ set-piece မျှခြေ အနုတ် လက္ခဏာ ပြနေတဲ့ တစ်သင်းတည်းသော အသင်းပါ။ အနုတ်လက္ခဏာ ပြနေရုံ သာမက အဆင့် ၄ နေရာက အသင်းနဲ့ အမှတ်တူနေပေမယ့် ၈ ဂိုးဟနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ၈ မှတ်ဟနေသည့် တိုင်အောင် အမှတ်တွေ အများကြီး ရထားတာက အရမ်းကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ဘာလို့လဲဆိုတော့ open-play အခွင့်အရေးတွေ ဖန်တီးတဲ့အခါ ကျွန်တော် တို့က လိဂ်မှာ နံပါတ် ၁ ဖြစ်နေလို့ပါ။” လို့ ပြောကြားသွားခဲ့ပါတယ်
လစ်ဗာပူးလ်ဟာ လာမယ့် ဒီဇင်ဘာ ၂၇ မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးက ဝုဗ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ လိဒ်စ်ယူနိုက်တက်၊ ဖူလ်ဟမ်၊ အာဆင်နယ် တို့နဲ့ ဆက်တိုက် ကစားရမှာပါ။ လစ်ဗာပူးလ်က ခရစ္စမတ် မတိုင်ခင် ပရီးမီးယားလိဂ် ၁၇ ပွဲမှာ ၉ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၆ ပွဲ ရှုံးပြီး နောက်ဆုံး ၅ ပွဲဆက်တော့ ရှုံးပွဲ မရှိထားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


