နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွာဒီယိုလာကို ရာထူး ကနေ ထုတ်ပယ်ဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်လာကြတဲ့ မန်စီးတီး ပရိသတ်များ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းရဲ့ ပရိသတ် တချို့ ကတော့ သူတို့ရဲ့ နည်းပြ ပပ် ဂွာဒီယိုလာကို ရာထူး ကနေ ထုတ်ပယ်ဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်နေကြပြီလို့ သိရပါတယ်။ မန်စီးတီး အနေနဲ့ ပရီးမီယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် ပရိသတ်တွေက ပပ် ဂွါဒီယိုလာကို ရာထူးမှ ထုတ်ပယ်ပေးဖို့ လူမှုကွန်ရက် ကနေ တဆင့် ရေးသားခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

ပပ် ဂွါဒီယိုလာ ကတော့ မန်ချက်စတာစီးတီးကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့ပြီးတော့ ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အပါအဝင် ဆုဖလား ၁၈ လုံး အထိ ရယူပေးခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးဟာ လတ်တလောမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေသလို နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာလည်း ဖီယင်နော့ဒ်ကို ၃ ဂိုး ပြတ်နဲ့ ဦးဆောင်နေပြီးမှ ပွဲအပြီးမှာ ၃-၃ ရလဒ်နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီး ပရိသတ် တချို့ ကတော့ အတိတ်က ဂွာဒီယိုလာ ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေ အတွက် ကျေးဇူးတင်ပေမယ့်လည်း လက်ရှိ မှာတော့ လမ်းခွဲရမယ့် အချိန် ဖြစ်တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားနေကြတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဖီယင်နော့ဒ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာ ကိုယ့်ကိုယ်ကို ကုတ်ခြစ်မှုတွေ ပြုလုပ်ခဲ့ပြီး စကားပြောပုံလည်း မူမမှန်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာက ဒီပွဲ မတိုင်ခင် မှာလည်း အန်ဖီးလ်မှာ လစ်ဗာပူးလ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်သွားနိုင်ကြောင်း ဝန်ခံ ပြောကြားထားခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့်ရက်မှာ အမှတ်ပေးဇယားကို ရမှတ်ဖြတ် ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေက အဲဒီပွဲမှာ မန်စီးတီး ရှုံးနိမ့်ပါက ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်သွားနိုင်လား ဆိုပြီး မေးမြန်းခဲ့ကြတာကို ဂွါဒီယိုလာက အခုလိုပဲ ဖြေကြားလာခဲ့ပါတယ်။ 

ဒါ့အပြင် ဂွာဒီယိုလာက ဒီပွဲ မတိုင်ခင် မှာလည်း အန်ဖီးလ်မှာ လစ်ဗာပူးလ်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်သွားနိုင်ကြောင်း ဝန်ခံ ပြောကြားထားခဲ့ပါတယ်။
မန်စီးတီးကို ပရီးမီးယားလိဂ် ဖလား ၆ ကြိမ် အပါအဝင် ဆုဖလား ၁၈ လုံး အထိ ရယူပေးခဲ့တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာက “ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ဘာလို့လဲ ဆိုတော့ လစ်ဗာပူးလ်က နိုင်ပွဲတွေ ဆက်တိုက် ရနေလို့ပါပဲ။ ကျွန်တော်တို့ အနေနဲ့ ချန်ပီယံဆုရမှာ၊ လက်လွှတ်ရမှာကို မတွေးထားပါဘူး။ ကျွန်တော် တို့က ရာသီကုန်မှာ ဘာဖြစ်မလဲ ဆိုတာ တွေးနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ရာသီကုန်ချိန်မှာ ကျွန်တော်တို့ ဗိုလ်မစွဲဘူး ဆိုရင် အဲဒါက ကျွန်တော် တို့နဲ့ ထိုက်တန်မှု မရှိလို့ပါပဲ။ ပြီးခဲ့တဲ့ ရာသီတွေမှာ ဗိုလ်စွဲခဲ့တာက ကျွန်တော် တို့နဲ့ ထိုက်တန်ခဲ့လို့ပါ။ အခု ကျွန်တော်တို့ လုပ်ရမှာက ဖီယင်နော့ဒ်ကို အနိုင်ယူဖို့ပါ။ အဲဒါက အရေးအကြီးဆုံးပါပဲ။ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့က ပထမ ဦးစားပေးပါ။ ကစားသမားတွေ အနေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။” လို့ ဖြေကြားသွားခဲ့ပါတယ်။ 

မန်စီးတီးဟာ ပပ် ဂွါဒီယိုလာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ၂၀၂၇ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတယ်လို့လည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်