နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်ရိုကို ပေါင် သန်း ၈၀ ရမှ ရောင်းမယ် ဆိုတဲ့ စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ သူတို့ အသင်းရဲ့ ခြေစွမ်းပြ ညာနောက်ခံလူ ပတ်ဒရို ပေါ်ရို အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ်ရှိ စပိန်လက်ရွေးစင် ညာ နောက်ခံလူ ပတ်ဒရို ပေါ်ရိုဟာ လက်ရှိ ကလပ် စပါးမှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနေပြီးတော့ စပါး ဘက်က သူတို့ရဲ့ ကစားသမားကို စိတ်ဝင်စားတဲ့ အသင်းတွေ အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှ လက်ခံ စဉ်းစားသွားမှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

ပေါ်ရိုဟာ ၂၀၂၃ ခုနှစ် ကမှ စပိုတင်းလစ္စဘွန်း ကနေ ပရီးမီးယားလိဂ် ကလပ် စပါးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီးတော့ လက်ရှိမှာ စပါးရဲ့ အရေးပါဆုံး ကစားသမား တစ်ဦးလည်း ဖြစ်နေသူပါ။ ပေါ်ရိုက စပါး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၆၂ ပွဲ အထိ ပါဝင် ကစားပေးထားပြီးတော့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ လတ်တလောမှာ ပေါ်ရိုကို ရီးရဲလ်မက်ဒရစ် အပြင် အသင်းဟောင်း မန်ချက်စတာစီးတီး ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အမှန်က ပက်ဒရို ပေါ်ရိုဟာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်ရိုက မန်စီးတီး အသင်းကြီး အတွက် တစ်ပွဲမှ ပါဝင် မကစားခဲ့ရပဲ လာလီဂါ ကလပ် ဗယ်လာဒိုးလစ်နဲ့ ပေါ်တူဂီ ကလပ် စပိုတင်းလစ္စဘွန်း အသင်းတွေဆီ အငှားထွက် ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ မန်စီးတီးက အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ ကိုင်လ် ဝေါလ်ကာရဲ့ အနာဂတ် မသေချာတော့တာကြောင့် ပေါ်ရိုနဲ့ ရေရှည် အစားထိုးဖို့ စဉ်းစားလာခဲ့ပြီး သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည် ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

ပေါ်ရိုက စပါး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၆၂ ပွဲ အထိ ပါဝင် ကစားပေးထားပြီးတော့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။
ပေါ်ရို အတွက် ပေါင်သန်း ၈၀ ဝန်းကျင် အလိုရှိနေတဲ့ စပါး

ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိမှာ ဒဏ်ရာ ပြဿနာ ရှိနေတဲ့ ဝါရင့် စပိန် ညာနောက်ခံလူ ဒန်နီ ကာဗာဟယ် နေရာမှာ ရေရှည်အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီးတော့ အာနိုးလ်ကို မရခဲ့ရ‌င်တော့ တခြားသော ရွေးချယ်မှု အဖြစ် ပက်ဒရို ပေါ်ရိုကို သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း တော့တင်ဟမ်ဟော့စပါး ကတော့ အခုလိုမျိုး ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ပေါ်ရိုကို ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ပေါ်ရို ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ နဲ့သာ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ ကျိန်းသေပေါက် လက်လွှတ်သွားဖွယ် ရှိကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ တစ်ခု ရှိတာက စပါး ဥက္ကဌ လီဗိုင်းဟာ အသင်းမှာ ရှိတဲ့ ထိပ်တန်း ကစားသမားတွေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လာရင် လိုအပ်တာထက် ပိုပြီး စဉ်းစားသူ ဖြစ်တဲ့ အတွက် ပေါ်ရို ကို စိတ်ဝင်စားတဲ့ အသင်းတွေ အတွက်တော့ စိတ်ရှုပ်စရာ ဖြစ်လာဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်