မန်ချက်စတာစီးတီး – နယူးကာဆယ်
ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲအဖြစ် မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ်တို့ အက်တီဟတ်မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။လက်ရှိအချိန်ထိပုံမှန် ခြေစွမ်းပြန်မရသေးတဲ့ မန်စီးတီးတို့ အသင်းကြီးအသင်းငယ်မရွေးအကောင်းဆုံးရင်ဆိုင်ပြနေတဲ့ နယူးကာဆယ်ကိုအိမ်ကွင်းမှာအသာရသွားနိုင်ပါ့မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
မန်စီးတီးဟာနောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာအာဆင်နယ်ကို ၅-၁ ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ထားခဲ့သလိုရီးရဲလ်မက်ဒရစ် ကိုလည်းချန်ပီယံလိဂ်မှာရှုံးထားပါတယ်။ ကြားမှာကစားတဲ့ အက်ဖ်အေဖလားမှာလည်းအောက်တန်းကလပ်ငယ်လေးလေတန် အိုရီးရန့်ကိုနောက်ကနေလိုက်ကစားပြီးမှ အနိုင်ရထားခဲ့ပါတယ်။မန်စီးတီးကဆောင်းရာသီဈေးကွက်မှာကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားတယ် ဆိုပေမယ့် အသားမကျကြသေးသလိုအဓိကကစားသမားတချို့ ဒဏ်ရာရနေတာကြောင့်လည်းပုံမှန် ခြေစွမ်းပြန်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာရှိနေတဲ့ မန်စီးတီးဟာဒီပွဲမှာရလဒ်မကောင်းခဲ့ရင် နယူးကာဆယ်ရဲ့ ကျော်တက်ခြင်းခံရမှာဖြစ်သလိုအပေါ်က အသင်းတွေနဲ့လည်းအမှတ်ပြတ်သွားနိုင်တာကြောင့် သေချာပေါက် အားထည့် ကစားပါလိမ့်မယ်။ တစ်ခုရှိတာကမန်စီးတီးကဒီပွဲပြီးရင် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ အဖြစ် ဘာနေဗျူးမှာကစားဖို့ ရှိနေပါတယ်။ ပပ် ဂွါဒီယိုလာနဲ့ မန်စီးတီးအတွက်တော့ တကယ့်ကိုခေါင်းကိုက်စရာအခြေအနေတွေပဲဖြစ်ပါတယ်။
နယူးကာဆယ် ကလည်းမန်စီးတီးလိုပဲရာသီကုန်မှာ Top 4 မျှော်လင့်ချက်နဲ့ ကစားနေတာဖြစ်ပြီးဒီပွဲမှာမန်စီးတီးရဲ့ ခြေစွမ်းပိုင်းယိမ်းယိုင်နေမှုကိုအခွင့်ကောင်းယူဖို့ ကြိုးစားပါလိမ့်မယ်။လက်ရှိမှာနယူးကာဆယ်ကမန်စီးတီးနဲ့ ရမှတ်တူဂိုးကွာခြားချက်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် အက်ဒီဟောင်းဝ်ရဲ့ အသင်းကထုံးစံအတိုင်းမန်စီးတီးကိုမာမာထန်ထန် တုံ့ပြန်ကစားရင်းအမှတ်ရအောင် ယူပါလိမ့်မယ်။
နှစ်ဖက်အသင်းသတင်းများ

အခုပွဲကိုတော့ မန်စီးတီးဘက်ကဂျက်ဂရီးလစ်ရှ်၊ အာကန်ဂျီ၊ ဘော့ဘ်နဲ့ ရိုဒရီတို့ လွဲချော်ကြမှာဖြစ်ပါတယ်။
နယူးကာဆယ် ဘက်မှာတော့ လက်ဆဲလက်စ်၊ ဂျိုးလင်တန် တို့ လွဲချော်ဖို့ ရှိပြီးဒန်ဘန်း၊ဘော့တ်မန်းနဲ့ ဟာဗီဘန်းစ် တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
မန်ချက်စတာစီးတီး-အီဒါဆင်၊ ဒီးရာ့စ်၊ လီဝစ်၊ အေခီ၊ ဂဗာဒီယိုလ်၊ စတုန်းစ်၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဆာဗင်ညို၊ ဖိုဒန်၊ ဟာလန်း
နယူးကာဆယ် -ဒူဗရက်ဗ်ကာ၊ ဘော့တ်မန်း၊ ရှား၊ ဘန်း၊ ဟောလ်၊ ထရစ်ပီယာ၊ ဂီမာရေးစ်၊ တိုနာလီ၊ မာဖီ၊ ဂေါ်ဒွန်၊ အိဆက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းက၃၂ ကြိမ် တွေ့ဆုံခဲ့ရာမှာမန်စီးတီးက ၂၅ ကြိမ် အထိအနိုင်ရပြီးနယူးကာဆယ် ကတော့ ၃ ကြိမ် နိုင်ကာ ၄ ကြိမ် ကတော့ သရေကျထားပါတယ်။ပရီးမီးယားလိဂ်နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာမန်စီးတီးက ၃ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ အက်တီဟတ်မှာကစားခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲဆက် မန်စီးတီးကငှက်ကြားတွေကိုအနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1×2 မှာမန်ချက်စတာစီးတီးနိုင်ရင်၁.၉၀ဆ၊နယူးကာဆယ်နိုင်ရင်၃.၃၂ဆ၊သရေဆိုရင်တော့၃.၆၆ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့မန်ချက်စတာစီးတီးကသရေတစ်ဝက်ရှုံး၊ သရေရှုံးနဲ့ တစ်လုံးတစ်ဝက်စားကြေးတွေပေးထားပြီးဂိုးပေါင်းကတော့ ၃ လုံးကစဖွင့်ပါတယ်။ ခြေစွမ်းမတည်ငြိမ်တဲ့ မန်စီးတီးအတွက်တော့ နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲဖြစ်လာဦးမှာပါ။ နယူးကာဆယ်ရဲ့ ခပ်ကြမ်းကြမ်းတုန့်ပြန်ပုံတွေကိုမန်စီးတီးတို့ လုံးဝ လျှော့တွက်ထားလို့ မရပါဘူး။ မန်စီးတီးအိမ်ကွင်းဖြစ်ပေမယ့် ဒီတစ်ကြိမ်တော့ သရေရလဒ် ထွက်ပေါ်မယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၂-၂ နယူးကာဆယ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.