နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် နည်းပြ ရာထူးက သူ့ဘဝကို ပိုကောင်းလာစေမှာ မဟုတ်ကြောင်း ပြောလာတဲ့ သောမက်စ် ဖရန့်ခ် | ပရီးမီးယားလိဂ်

ဒိန်းမတ် လူမျိုး လက်ရှိ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရာထူး အတွက် ထိပ်ဆုံးက ရေပန်းစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သောမက်စ် ဖရန့်ခ် ကတော့ ဒီလို ကောလဟာလ သတင်းတွေကို အံ့အားသင့်ဖွယ် စကားလုံးတွေနဲ့ ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

သောမက်စ် ဖရန့်ခ်က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ တာဝန်ကို ယူရတာက သူ့ရဲ့ ဘဝကို ပိုကောင်းလာစေမှာ မဟုတ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အခုနှစ် ဘောလုံးရာသီ အစမှာ သမိုင်းတလျှောက် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီးတော့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကလည်း အချိန်မရွေး ရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဂါရက်သ် ဆောက်ဂိတ်၊ ဂရေဟမ် ပေါ်တာ၊ သောမက်စ် ဖရန့်ခ် တို့လို နည်းပြတွေနဲ့ ကောလာဟလတွေ တောက်လျောက် ထွက်ပေါ်နေပြီးတော့ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ်တောင် ယူနိုက်တက်ရဲ့ ပစ်မှတ် နည်းပြ စာရင်းထဲ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒီအထဲမှာမှ သောမက်စ် ဖရန့်ခ်က ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။

ဘရန့်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ ၈ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။
သောမက်စ် ဖရန့်ခ်ကို နည်းပြ ပစ်မှတ်စာရင်းထဲ ထည့်ထားတဲ့ ယူနိုက်တက်

ဒါပေမယ့်လည်း တန်ဟက်ဂ်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီးနောက် နည်းပြ ရာထူးက တမျိုးတဖုံ ပြောင်းလဲလာခဲ့ပြန်တာ ဖြစ်ပါတယ်။ The Sports Agents Podcasts အင်တာဗျူး အစီအစဉ်မှာ သောမက်စ် ဖရန့်ခ်က မန်ချက်စတာယူနိုက်တက်လို ထိပ်တန်း အသင်း တစ်သင်းရဲ့ နည်းပြ ရာထူး တာဝန်ကို ကိုင်တွယ်နိုင်ချေနဲ့ သူ့ အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ ဆိုတာနဲ့ ပတ်သတ်လို့ မေးမြန်းမှုကို အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

“တကယ်လို့ ကျွန်တော်ဟာ ကလပ် အသင်းကြီး တစ်ခုဆီ သွားဖို့ ကမ်းလှမ်းမှု ရရှိခဲ့ပြီး အဲဒီကို သွားဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ ဒါဟာ ကျွန်တော့် ဘဝ ပိုကောင်းလာမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ အားလုံး သိမယ် ထင်တယ်။ ခင်ဗျား ကြိုးစားရမှာက စိန်ခေါ်မှု တစ်ခု ဖြစ်မလား မသိပါဘူး။ ဒါက ကျွန်တော် တွေးနေတဲ့ အရာ မဟုတ်ဘူး၊ ကျွန်တော် အခု ရောက်နေတဲ့ နေရာကို ရောက်ဖို့ ဘဝ တလျှောက်လုံး အများကြီး စတေးခဲ့ရပါတယ်။ အသင်းနဲ့ အတူရှိနေတာကြောင့် ၅ နှစ် ဆက်တိုက် သားသမီးတွေရဲ့ မွေးနေ့တွေကို လွတ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က တစ်ပတ်ကို နာရီ ၆၀၊ ၇၀ အလုပ်လုပ်တယ်။ အများကြီး စတေးပြီးပြီ။ တခြား အလုပ် တစ်ခုကို ထပ်လုပ်မိရင် ဘယ်လို ဖြစ်လာမလဲ မသိဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

သောမက်စ် ဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်ကို ၇ ရာသီမြောက် ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ ၈ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်