နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ် အနေနဲ့ အခုရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ရယူနိုင်လိမ့်မယ်လို့ ဆိုလိုက်တဲ့ တိုနီ အဒမ်စ် | ပရီးမီးယားလိဂ်

အာဆင်နယ် ဂန္ထဝင် တိုနီ အဒမ်စ် ကတော့ သူ့ရဲ့ အသင်းဟောင်းနဲ့ ပတ်သတ်လို့ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ တိုနီ အဒမ်စ်က အာဆင်နယ် အနေနဲ့ အခုရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ရယူနိုင်လိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ၂၀၀၃/၀၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို နောက်ဆုံး အကြိမ် ရရှိခဲ့ပြီးနောက် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ကတော့ နှစ်ပေါင်း (၂၀) ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ အသင်းရဲ့ သက်တမ်း တလျှောက် ၁၃၈ နှစ်ကျော် ကာလ အတွင်း ချန်ပီယံလိဂ် ဖလားကို တစ်ကြိမ်တစ်ခါမှ ရယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

ဒါပေမယ့်လည်း ကစားသမားဟောင်းကြီး တိုနီ အဒမ်စ်က နည်းပြ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေ ရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ ယုံကြည်နေကြောင်း ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုနီ အဒမ်စ်က အာဆင်နယ်ရဲ့ မြောက်လန်ဒန် ပြိုင်ဘက် စပါးကို လှောင်ပြောင်ခဲ့ပြီး အာဆင်နယ် အတွက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ မခက်ခဲကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ အပြီးမှာ အနီကတ် ပြခံရတဲ့ပွဲ ၃ ပွဲ အထိ ရှိနေခဲ့ပြီးတော့ အဲဒီ ပွဲစဉ် ၃ ပွဲမှာ ဘရိုက်တန်၊ မန်စီးတီးနဲ့ သရေ၊ ဘုန်းမောက် ကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ ခြေစွမ်းပိုင်း အနည်းငယ် ယိမ်းယိုင်နေတဲ့ အာဆင်နယ်

တိုနီ အဒမ်စ်က “ချန်ပီယံလိဂ် ဖလားကို ရယူဖို့ လူအင်အားကောင်းဖို့ လိုပါတယ်။ ၂၀၀၅ မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိတဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံလိဂ် ဖလား ရခဲ့သလို၊ ၂၀၁၉ ခုနှစ်မှာ စပါးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့ပါတယ်။ စပါးတောင် ဗိုလ်လုပွဲ တက်နိုင်တယ် ဆိုရင် အသင်းတိုင်း လုပ်နိုင်ပါတယ်။ ကံနည်းနည်း ကောင်းဖို့ပဲ လိုတာပါ။ အာဆင်နယ် အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ် ဖလား ကိုပါ ရမှာပါ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အနေနဲ့ အနီကတ် ပြသခံရတဲ့ ပြသနာတွေနဲ့ ကြုံတွေ့နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားရာမှာ ၃ ပွဲ အနီကတ် ပြသခံခဲ့ရပြီး ၁၀ ယောက်ကျန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက သူတို့ရဲ့ အသင်း အနေနဲ့ အနာဂတ် ပွဲစဉ်တွေမှာ ၁၀ ယောက်ကျန် အသင်းနဲ့ ဆက်လက် ကစားဖို့ မဖြစ်နိုင်တော့ပဲ အနီကတ် မထိဖို့က အရေးကြီးကြောင်း ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ အပြီးမှာ အနီကတ် ပြခံရတဲ့ပွဲ ၃ ပွဲ အထိ ရှိနေခဲ့ပြီးတော့ အဲဒီ ပွဲစဉ် ၃ ပွဲမှာ ဘရိုက်တန်၊ မန်စီးတီးနဲ့ သရေ၊ ဘုန်းမောက် ကိုတော့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်