နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ် နေရာမှာ ဇာဗီနဲ့ အစားထိုးဖွယ် ရှိနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ လက်ရှိ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ် ဖြစ်ခဲ့မယ် ဆိုရင်တော့ ဇာဗီ ဟာနန်ဒက်ဇ်နဲ့ အစားထိုးသွားဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။ ယူနိုက်တက်ဟာ အသင်းမှာ အဆင်မပြေ ဖြစ်နေတဲ့ တန်ဟက်ဂ်ရဲ့ နေရာ အတွက် နည်းပြသစ် တစ်ဦး ရှာဖွေနေတာ ဖြစ်ပြီး အခု နောက်ဆုံး မှာတော့ ဇာဗီနဲ့ သတင်းတွေ ထွက်လာတာ ဖြစ်ပါတယ်။ 

နည်းပြ တန်ဟက်ဂ်က လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ပိုင်းမှာရော၊ ခြေစွမ်းပိုင်းမှာပါ အခြေအနေ ဆိုးရွားနေပြီးတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ မသေချာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်သာ ရှုူံးပွဲတွေ ထပ်ကြုံလာရမယ် ဆိုရင်တော့ တန်ဟက်ဂ် အနေနဲ့ ချက်ချင်းပဲ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ တန်ဟက်ဂ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာနိုင်တဲ့ နည်းပြ များစွာ ရှိနေပြီးတော့ ဒီထဲမှာတော့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ် ဖရန့်ခ်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ 

လက်ရှိ မှာတော့ Mail Online ရဲ့ နာမည်ကျော် သတင်းထောက် ဖြစ်တဲ့ ခရစ္စ ဝှီလာ ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ကလည်း တန်ဟက်ဂ်ရဲ့ နည်းပြ နေရာကို ဝင်ရောက်လာဖို့ ရေပန်းစားနေတယ်လို့ သိရပါတယ်။ ခရစ္စ ဝှီလာရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ နည်းပြ ဇာဗီကို နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ဆွေးနွေးမှု တချို့လည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ရဲ့ အမှုဆောင်အရာရှိချုပ် ဘာရက်ဒါ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘာစီလိုနာမြို့ကို သွားရောက်ခဲ့တယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် လက်ရှိ မှာတော့ ယူနိုက်တက် အနေနဲ့ နည်းပြ အပြောင်းအလဲကို အလျင်အမြန် လုပ်ဆောင်သွားဖို့ မရှိသေးဘဲ လက်ရှိ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုသာ ကာလ တစ်ခု အထိ ဆက်လက် အချိန်ပေးသွားဖွယ်လည်း ရှိနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ရဲ့ အမှုဆောင်အရာရှိချုပ် ဘာရက်ဒါ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘာစီလိုနာမြို့ကို သွားရောက်ခဲ့တယ် လို့လည်း သိရပါတယ်။
ဇာဗီကို နည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်နေတဲ့ ယူနိုက်တက်

ဒါပေမယ့် သတ်မှတ်ထားတဲ့ ကာလ အတွင်း တန်ဟက်ဂ် လက်အောက်မှာ အသင်းက ရလဒ်တွေ ဆက်လက် ဆိုးရွာနေမယ် ဆိုရင်တော့ အသင်း တာဝန်ရှိသူတွေက တန်ဟက်ဂ်ကို နည်းပြ ရာထူး ကနေ ထုတ်ပယ်ပြီး သူ့ရဲ့ နေရာ အတွက် သင့်တော်မယ့် နည်းပြ တစ်ဦးကို အစားထိုး ခန့်အပ်သွားဖို့လည်း ရှိနေပါတယ်။ လတ်တလော မှာတော့ ခရစ္စ ဝှီလာရဲ့ ဖော်ပြ ချက်အရ တန်ဟက်ဂ်ရဲ့ နေရာ အတွက် ဇာဗီသာ ဖြစ်နိုင်ချေ အရှိဆုံး ဖြစ်နေပါတယ်။

ဘာစီလိုနာ ဂန္တဝင် ကစားသမား ဇာဗီ ကတော့ အဲလ်ဆက်ဒ် အသင်းမှာ နည်းပြ ဘဝကို စတင်ခဲ့ပြီးတော့ ဘာစီလိုနာ ကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပါတယ်။ ဇာဗီဟာ ဘာစီလိုနာကို ပွဲပေါင်း ၁၄၃ ပွဲ အထိ ကိုင်တွယ်ခဲ့ပြီးတော့ နိုင်ပွဲ ရာခိုင်နှုန်း ၆၄ ရာခိုင်နှုန်း အထိ ရရှိစေခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုဖလား အနေနဲ့ ကတော့ လာလီဂါနဲ့ စူပါဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်