နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲဆက်မှု ရပ်တန့်သွားပေမယ့်လည်း နိုင်ပွဲ ရှာမတွေ့သေးတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၁-၁ ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) အဖြစ် ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ရဲ့ ပွဲကတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ တစ်ပွဲလုံး ချဲလ်ဆီးတို့ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒက်ဟဲယားရဲ့ လက်စွမ်းပြမှုနဲ့ ရော်နယ်ဒိုရဲ့ လှပတဲ့ ချေပဂိုးကြောင့် အိုးထရက်ဖို့ဒ်မှာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ရန်းညက်ခ်ရဲ့ အသင်းက ၄-၃-၃ ကို အခြေခံတဲ့ အခင်းအကျင်းနဲ့ပဲ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဖာနန်ဒက်စ်၊ မာတစ်၊ မက်တော်မီနေး၊ ခံစစ် မှာတော့ လင်ဒီအော့ဖ်၊ ဗာရန်း အတွဲအဖက်နဲ့ အတူ ဒါးလော့တ်၊ တဲလက်စ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ထုံးစံ အတိုင်း ၃-၄-၁-၂ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး လူစာရင်း မှာတော့ မန်ဒီ၊ ဆေးလ်ဗား၊ အက်ဇ်ပီလီကွယ်တာ၊ ရူဒီဂါ၊ ရိစ် ဂျိမ်းစ်၊ အလွန်ဆို၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ မောင့်၊ ဗာနာ၊ ကိုင်ဟာဗက်ဇ် တို့ပါဝင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 သရေ (Draw) @ 3.35
ဂိုးပေါ် 2.50 @ 1.99
ဂိုးပေါင်း 0-1 @ 3.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်တို့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ကစားရတဲ့ ပွဲစဉ် ဖြစ်ပေမယ့်လည်း ပွဲစကတည်းက ချဲလ်ဆီးရဲ့ တစ်ဖက်သတ် ဖိကစားခြင်း ခံခဲ့ရပြီး တန်ပြန် တိုက်စစ် ကိုပဲ အားကိုးခဲ့ရပါတယ်။ ချဲလ်ဆီး တို့ ယူနိုက်တက် ခံစစ်ရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူနိုင်ခဲ့ပေမယ့် အဆုံးသတ် မှာတော့ ဒါးဗစ် ဒက်ဟဲယားရဲ့ လက်စွမ်းပြမှုတွေကြောင့် ဦးဆောင်ဂိုးတွေနဲ့ ဝေးနေခဲ့ရပါတယ်။ တောင်ပံက ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်တင်ဘောတွေ တော်တော်လေး ထိရောက်ခဲ့ပေမယ့် ကိုင်ဟာဗက်ဇ် အဆုံးသတ် အားနည်းခဲ့သလို ရိစ်ဂျိမ်းစ် ကိုယ်တိုင်လည်း အမှတ်မထင် အဝေးကန်ချက်တွေနဲ့ ခြိမ်းခြောက်ခဲ့သေးပေမယ့် ဒက်ဟဲယား အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာလည်း ချဲလ်ဆီး တို့ပဲ တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ တောင်ပံက ရိစ်ဂျိမ်းစ် မတင်ပေးလိုက်တဲ့ ဘောလုံးကို ကိုင်ဟာဗက်ဇ် ခေါင်းတိုက်ရာ ကနေ ပြန်ကျလာတာကို ဧရိယာထဲမှာ အသင့်စောင့်နေတဲ့ မားကို့စ် အလွန်ဆိုက မြေမကျ ကန်ချက်နဲ့ လှလှပပ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးတို့ရဲ့ အပျော်တွေ ၂ မိနစ် မပြည့်ခင် ခပ်မြန်မြန်ပဲ ယူနိုက်တက်ကို ချေပဂိုး ပြန်ပေးလိုက်ရပြီး ကွင်းလယ်က မာတစ် ဂိုးရှေ့ မတင်ပေးလိုက်တာကို ရော်နယ်ဒိုက သေသေသပ်သပ် ထိန်းပြီး အားပါပါနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ အခွင့်အရေး တချို့ ထပ်ရခဲ့သလို ရိစ်ဂျိမ်းစ်ရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဂိုးတိုင်ထိ ထွက်သွားခဲ့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး သရေ တစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။

ချဲလ်ဆီး ကတော့ ဒီပွဲရလဒ်ကြောင့် လက်ကျန် ပွဲစဉ် ၅ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ပရီးမီးယားလိဂ် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ ချဲလ်ဆီး

ပွဲပြီးသုံးသပ်ချက်

ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်းပဲ နလန်မထသေးတဲ့ ယူနိုက်တက်ကို ချဲလ်ဆီးတို့ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တီမိုဗာနာနဲ့ ကိုင်ဟာဗက်ဇ် တို့ရဲ့ တိုက်စစ် အဆုံးသတ် မသေချာမှုတွေ၊ ဒက်ဟဲယားရဲ့ လက်စွမ်းပြမှုတွေ အပြင် ကံတရားရဲ့ မျက်နှာသာ မပေးမှုကြောင့် ချဲလ်ဆီးတို့ နိုင်ပွဲနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်ရင် ချဲလ်ဆီးတို့ ဂိုးပေါက် ကန်ချက် ၂၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ရာမှာ ဂိုးပေါက် တည့်မှု ၆ ကြိမ် အထိ ရှိခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုလည်း ၆၅ ရာခိုင်နှုန်း အထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ချဲလ်ဆီး ညာတောင်ပံက ရိစ်ဂျိမ်းစ် ခြေစွမ်းပြနိုင်ခဲ့ပြီး ယူနိုက်တက် ဘက်ကတော့ ခရစ္စတီယာနို ရော်နယ်ဒို တစ်ဦးတည်းကိုပဲ ချီးကျူးစရာ ရှိပါတယ်။ ဖာနန်ဒက်စ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ကစားပေးနေရလို့ အထောင် တိုက်စစ်မှူး လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံး မလုပ်နိုင်ခဲ့ပေမယ့် ရှားရှားပါးပါး ရတဲ့ အခွင့်အရေး တစ်ကြိမ်ကို အဆင့်မြင့်တဲ့ ကန်ချက်နဲ့ အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒို အနေနဲ့ ဒီရာသီမှာ ထိပ်ဆုံး ၅ သင်းကို ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပြီး သူ့အနေနဲ့ ၈ ဂိုး အထိ သွင်းထားတာကြောင့် ဒါဟာ ဘယ်ကစားသမားထက်မဆို များပြားတဲ့ စွမ်းဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ လက်ရှိ ရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၇ ဂိုး အထိ ရှိလာခဲ့ပြီး ဆာလာ (၂၂ ဂိုး) ပြီးရင် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား အဖြစ် ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

ယူနိုက်တက်တို့ ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ကိုလည်း မေ့ထားလိုက်လို့ ရသွားခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ဒီပွဲရလဒ်ကြောင့် လက်ကျန် ပွဲစဉ် ၅ ပွဲ ကစားဖို့ ကျန်ရှိနေသေးပေမယ့် ပရီးမီးယားလိဂ် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် မေ ၂ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ချဲလ်ဆီး ကတော့ မေ ၁ ရက်နေ့မှာ အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်