နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖာမင်း လိုပက်ဇ်ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ထိပ်တန်း ကစားသမား တချို့ကို ပစ်မှတ်ထား ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ဒေါဂူနဲ့ ဟေဒန် တို့ နှစ်ဦး ကိုသာ ခေါ်ယူနိုင်ခဲ့ပြီး တခြား ကစားသမားတွေနဲ့တော့ သတင်းတွေသာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ပစ်မှတ်ထား ကမ်းလှမ်းခဲ့တဲ့ ကစားသမားတွေထဲ မှာတော့ ဘာစီလိုနာရဲ့ ခြေစွမ်းပြ ကွင်းလယ် ကြယ်ပွင့်လေး ဖာမင်း လိုပက်ဇ်လည်း ပါဝင်ခဲ့ပြီး ပေါင် ၅၈ သန်းနဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖာမင်း လိုပက်ဇ်က ဘာစီလိုနာနဲ့ ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ် ချုပ်ဆိုထားကာ ယူရို သန်း ၅၀၀ တန် လျော်ကြေး စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ လာမာစီယာ အကယ်ဒမီထွက် လိုပက်ဇ်ဟာ ပြီးခဲ့တဲ့ ပါရီ အိုလံပစ်မှာ စပိန် အိုလံပစ် အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြကာ တောက်ပလာခဲ့သူ ဖြစ်ပြီး အသင်းကို ရွှေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီအခြေအနေကို ပရီးမီးယားလိဂ် ကလပ်က စောင့်ကြည့်ခဲ့ပြီး ဖာမင်း လိုပက်ဇ်ကို ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ အတွက် အရေးပါတဲ့ ကစားသမား ဖြစ်တဲ့ လိုပက်ဇ်

ဘာစီလိုနာ စီနီယာ အသင်းကြီး အတွက်တော့ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်မှာ စတင် ကစားခွင့် ရခဲ့တဲ့ ဖာမင်း လိုပက်ဇ်ဟာ ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် လက်ရှိ နည်းပြ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လိုပက်ဇ်က ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားပြီး ၄ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီးပေးထားပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားလေးက ပီဒရီ၊ ဂါဗီနဲ့ ကာဆာဒို တို့ကို ကျော်ကာ ပုံမှန် ပွဲကစားခွင့် ရဖို့တော့ ခက်ခဲနေပါတယ်။

ဒီအခြေအနေကို ပရီးမီးယားလိဂ် ကလပ်က စောင့်ကြည့်ခဲ့ပြီး ဖာမင်း လိုပက်ဇ်ကို ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ပေါင် ၅၈ သန်း (ယူရို သန်း ၇၀) နဲ့ တရားဝင် ကမ်းလှမ်းခဲ့ကြောင်း စပိန် မီဒီယာ တစ်ခု ဖြစ်တဲ့ SPORT က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာ မှာသာ ဆက်လက် ကစားသွားလိုတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဖာမင်း လိုပက်ဇ်ကို ယူနိုက်တက် အပြင် နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ အက်စတွန်ဗီလာ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး လာမယ့် နွေရာသီမှာ ကြိုးပမ်းသွားဖွယ်လည်း ရှိနေပါတယ်။ သတင်းတွေအရ ဆိုရင် ယူနိုက်တက်က ဖာမင်း လိုပက်ဇ်ကို ဘာစီလိုနာမှာ ရရှိနေတဲ့ လစာထက် နှစ်ဆ ပေးကာ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာနဲ့ ၂၀၂၉ ခုနှစ် အထိ ကာလရှည် စာချုပ် ချုပ်ဆိုထားတဲ့ လိုပက်ဇ်ဟာ ကွင်းလယ်ပိုင်း အပြင် ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံတွေ အထိပါ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဖာမင်း လိုပက်ဇ်ဟာ လက်ရှိရာသီမှာ ကွင်းလယ် တိုက်စစ် နေရာမှာ ၁၀ ပွဲ၊ ဗဟို ကွင်းလယ် နေရာမှာ ၈ ပွဲ၊ ဘယ်တောင်ပံ နေရာမှာ ၅ ပွဲနဲ့ ညာတောင်ပံ နေရာမှာ ၁ ပွဲ ကစားထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်