နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေးနေပြီ ဖြစ်တဲ့ ဗန်ဒိုက်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ခ် ကတော့ အသင်းနဲ့ စာချုပ်သစ် ကိစ္စဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားလာခဲ့ပါတယ်။ ဗန်ဒိုက်ခ်ဟာ စာချုပ်သစ် ကိစ္စတွေ အတွက် လစ်ဗာပူးလ်နဲ့ ဆွေးနွေးနေခဲ့တာ ကြန့်ကြာနေတာ ဖြစ်ပြီး နောက်ဆုံး မှာတော့ သက်တမ်းတိုးဖို့ ဖြစ်လာခဲ့တာပါ။

ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ်ရဲ့ တခြားသော အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ မိုဟာမက် ဆာလာ၊ အလက်ဇန္ဒား အာနိုးလ် တို့နဲ့ အတူ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကစားသမား ၃ ဦး အနက် ဗန်ဒိုက်ခ်ဟာ စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုမှု ပြုလုပ်လာခဲ့သူလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ နယ်သာလန် အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ခ်ဟာ ၂၀၁၈ ခုနှစ်မှာ လစ်ဗာပူးလ် အသင်းထံ ဆောက်သမ်တန် ကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ အဲဒီအချိန်တုန်းက နောက်ခံလူ တစ်ဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်သည်။

ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ စူပါဖလား စတဲ့ ဆုဖလား အစုံကို ရရှိထားသူ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒိုက်ခ်

လက်ရှိမှာတော့ ဗန်ဒိုက်ခ်က စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။ ဗန်ဒိုက်ခ်က “အခုဆိုရင် ကလပ် အသင်းနဲ့ ကျွန်တော့် အကြားမှာ စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေးမှုတွေ စတင်နေပါပြီ။ အခုအချိန်မှာ ဘာမှမပြောနိုင်သေးပေမယ့် ဘာတွေဖြစ်လာမလဲ ဆိုတာကို အနာဂတ်မှာ တွေ့မြင်နိုင်ပါလိမ့်မယ်။ လက်ရှိအချိန် မှာတော့ ကျွန်တော် အပြည့်အဝ အာရုံစိုက်ထားတာက ဒီရာသီ လစ်ဗာပူးလ် အတွက်ပါပဲ။ ကျွန်တော်တို့ အသင်း နိုင်ပွဲတွေ ဆက်တိုက် ရရှိဖို့ထက် ပိုအရေးကြီးတဲ့ ကိစ္စ ကျွန်တော့်ဆီမှာ မရှိပါဘူး။ အနာဂတ်မှာ ဒီအသင်းမှာ ဆက်ရှိနေမှာလား၊ မရှိဘူးလား ဆိုတာက ကျွန်တော်လည်း ကြိုမသိနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော့် ဘက်က တာဝန်ရှိသူတွေနဲ့ လစ်ဗာပူးလ် အသင်းတို့ အကြားမှာ ဆွေးနွေးမှု အားလုံး အဆင်ပြေစေဖို့ မျှော်လင့်နေရုံပါပဲ။ ကျွန်တော် သေချာပေါက် ပြောနိုင်တာ ကတော့ အခုအချိန်မှာ ဆွေးနွေးမှုတွေ အားလုံး စတင်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့ရဲ့ စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေးမှုမှာ အဓိက ညှိနှိုင်းရမယ့် အခြေအနေ နှစ်ခု ရှိနေတယ်လို့ သိရပါတယ်။ အဲဒါတွေ ကတော့ စာချုပ်သက်တမ်း ကိစ္စနဲ့ လစာငွေကိစ္စ တို့သာ ဖြစ်တယ်လို့လည်း မီဒီယာတွေက သုံးသပ်မှုတွေ ရှိနေပါတယ်။ ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ် အတွက် ၂၀၂၀/၂၁ ဘောလုံးရာသီ တစ်ရာသီက လွဲလို့ နှစ်စဉ် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၅၀ ဝန်းကျင် ပုံမှန် ပွဲထွက် ကစားပေးနေသူလည်း ဖြစ်ပါတယ်။ ဗန်ဒိုက်ခ်ဟာ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ စူပါဖလား စတဲ့ ဆုဖလား အစုံကို ရရှိထားသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်