နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | ရီးရဲယ်မက်ဒရစ် – ဖရန့်ဖတ် (ယူအီးအက်ဖ်အေ စူပါဖလား)

ရီးရဲယ်မက်ဒရစ် – ဖရန့်ဖတ်

ဩဂုတ်လ ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ မှာတော့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲ အဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲယ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖရန့်ဖတ်တို့ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။ ဘာစီလိုနာနဲ့ အေစီမီလန်ရဲ့ ယူအီးအက်ဖ်အေ စူပါဖလား အောင်မြင်မှု စံချိန်ကို လိုက်မှီနိုင်ဖို့ ရည်ရွယ်ထား ရီးရဲယ်မက်ဒရစ်ပဲ အလွယ်တကူ အနိုင်ရသွားမလား၊ ဒါမှမဟုတ် ဖရန့်ဖတ် ကပဲ မထင်မှတ်တာတွေ လုပ်ပြပြီး သူတို့ အတွက် ပထမဦးဆုံး ယူအီးအက်ဖ်အေ စူပါဖလားကို ဂျာမန်မြေကို သယ်ဆောင်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ၁၄ ကြိမ် ဗိုလ်စွဲထားတဲ့ ရီးရဲယ်မက်ဒရစ် ဟာ ယူအီးအက်ဖ်အေ စူပါဖလားမှာ ၄ ကြိမ်သာ ဗိုလ်စွဲခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ အေစီမီလန်တို့ရဲ့ ယူအီးအက်ဖ်အေ စူပါဖလား အောင်မြင်မှုကို အမှီ လိုက်ဖို့ ကြိုးစားမယ့် ရီးရဲယ်မက်ဒရစ် အနေနဲ့ လက်ရှိ ခြေစွမ်းပိုင်းနဲ့ စုဖွဲ့မှု အပြင် ပြိုင်ဘက်က ခြေပျက်နေတဲ့ အသင်း ဖြစ်နေတာကြောင့်လည်း အခက်အခဲ မရှိနိုင်တဲ့ ပွဲလို့တောင် ပြောလို့ ရပါတယ်။ ရာသီကြို ပြင်ဆင်မှု အနေနဲ့ ရီးရဲယ်မက်ဒရစ်တို့ ခြေစမ်းပွဲ ၃ ပွဲသာ ကစားထားပြီး ရူဒီဂါနဲ့ ချူအာမေနီ တို့ ၂ ဦးသာ ခေါ်ယူ အားဖြည့်ထားပါတယ်။ လက်တလောမှာ ရီးရဲယ်မက်ဒရစ်တို့ အကောင်းဆုံး ပုံစံ တစ်ခု ပြန်မရသေးပေမယ့် သေချာ အာရုံ ကစားရင် ဘယ်လို ပြိုင်ဘက်ကိုမဆို အနိုင်ယူဖို့ မခက်ပါဘူး။ အနီးစပ်ဆုံး ဂျူဗင်တပ်စ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲက ခြေစွမ်းကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား ရခဲ့တဲ့ အစုအဖွဲ့နဲ့ပဲ ရှေ့ဆက်ဖို့ ဆုံးဖြတ်ထားတာကြောင့် Los Blanco တွေကိုတော့ ပြီးခဲ့တဲ့ ရာသီက အတိုင်း အပြောင်းအလဲ မရှိ ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲကိုလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတုန်းက လူစာရင်း အတိုင်း ပွဲထွက်ဦးလာမယ့် သဘော ရှိပြီး ချွင်းချက် အနေနဲ့ ကတော့ ဒေးဗစ် အလာဘာ နေရာမှာ အန်တိုနီယို ရူဒီဂါ ပါဝင်လာဖွယ် ရှိပါတယ်။

ယူရိုပါလိဂ် ဖလားကို ဒရမ်မာ ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့တဲ့ ဖရန့်ဖတ် ကတော့ အသင်းရဲ့ သမိုင်းတစ်လျှောက် ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲကို ပထမဦးဆုံး အကြိမ် ကစားခွင့်ရထားတာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ စူပါဖလားကို ဂျာမန် ကလပ်တွေထဲက ဘေယန်မြူးနစ်၊ ဒေါ့မန်၊ ဟမ်းဘတ်နဲ့ ဝါဒါဘရီမင်တို့ ကစားခဲ့ဖူးပြီး ဘေယန်မြူးနစ် တစ်သင်းတည်းသာ ချန်ပီယံ ၂ ကြိမ် ဖြစ်ထားဖူးပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီပြိုင်ပွဲမှာ ဂျာမန် ကလပ်တွေ အနေနဲ့ သိပ်မစွံဘူးလို့ ပြောလို့ရပြီး ဖရန့်ဖတ်ရဲ့ လက်ရှိ အခြေအနေ ကလည်း ရှေ့က အသင်းတွေရဲ့ လမ်းစဉ် အတိုင်းပဲ လိုက်ရဖို့ များနေပါတယ်။ အိုလီဗာ ဂလတ်စ်နာရဲ့ အသင်းက လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ လူးကပ်စ် အလာရီယိုနဲ့ ဂေါ့ဇီ တို့ နှစ်ဦးသာ ခေါ်ယူ အားဖြည့်ထားသလို ရာသီကြို ခြေစမ်းပွဲ ရလဒ်တွေ ကောင်းခဲ့တယ် ဆိုပေမယ့်လည်း အသင်းငယ်တွေနဲ့ ကစားခဲ့တာ ဖြစ်လို့ အထင်ကြီးစရာတော့ မရှိပါဘူး။ အဆိုးဆုံးက ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲမှာ ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၁-၆ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

ယူရိုပါလိဂ် ဖလားကို ဒရမ်မာ ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့တဲ့ ဖရန့်ဖတ် ကတော့ အသင်းရဲ့ သမိုင်းတစ်လျှောက် ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲကို ပထမဦးဆုံး အကြိမ် ကစားခွင့်ရထားတာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၄၀ ကျော် အကြာမှ ယူရိုပါလိဂ် ချန်ပီယံဆုကို ပြန်လည် ကိုင်မြှောက်နိုင်ခဲ့တဲ့ ဖရန့်ဖတ်

ကစားသမားကောင်း တချို့ ပိုင်ဆိုင်ထားပေမယ့် အသင်းကြီးတွေနဲ့ ဆိုရင် လုံးဝ ခြေပျက်သွားတတ်တဲ့ ဖရန့်ဖတ်တို့ အကောင်းဆုံး လူစာရင်း ထုတ်သုံးလာရင်တောင် ရီးရဲယ်မက်ဒရစ်ကို မိနစ် ၉၀ အတွင်း သရေ ခံကစားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရီးရဲယ်မက်ဒရစ် – ကော့တွာစ်၊ ရူဒီဂါ၊ မီလီတာအို၊ မန်ဒီ၊ ကာဗာဟယ်၊ ကတ်ဆီမီယို၊ မိုဒရစ်၊ ခရူးစ်၊ ဗင်နီးစီးယပ်စ်၊ ဗယ်ဗာဒီ၊ ဘန်ဇီမာ

ဖရန့်ဖတ် – ထရက်ပ်၊ တိုရေး၊ တူတာ၊ အန်ဒီကာ၊ နော့ဖ်၊ ရိုဒီ၊ ဆိုးဝ်၊ လန့်ဇ်၊ ဂေါ့ဇီ၊ လင်းစတွမ်း၊ ဘော်ရီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း ကတော့ ၂၀၀၈ ခုနှစ်တုန်းက ခြေစမ်း ပွဲစဉ် အဖြစ် တစ်ကြိမ်သာ ထိပ်တိုက် တွေ့ဆုံကစားခဲ့ဖူးပါတယ်။ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့ပြီး ဥရောပ အဆင့် ပြိုင်ပွဲ တစ်ခု မှာတော့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ ယှဉ်ပြိုင်ကြရမှာလည်း ဖြစ်ပါတယ်။

ရီးရဲယ်မက်ဒရစ် ကတော့ ရာသီကြို ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဂျူဗင်တပ်စ်ကို ၂ ဂိုးပြတ် အနိုင်ရပြီး ကလပ် အမေရိကနဲ့ ၂ ဂိုးစီ သရေ၊ ဘာစီလိုနာ ကိုတော့ ၀-၁ ရလဒ်နဲ့ ရှုံးနိမ်ထားခဲ့တာ ဖြစ်ပါတယ်။ ဖရန့်ဖတ် ကတော့ ရာသီကြို ခြေစမ်းပွဲ ၄ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပြီး ပိုကယ်ဖလား မှာတော့ ဘွန်ဒက်စ်လီဂါ တူး ကလပ် မက်ဂ်ဒီဘာ့ဂ် ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁ အဖြစ် ဘေယန်မြူးနစ်နဲ့ ကစားခဲ့ရာ မှာတော့ ၁-၆ ရလဒ်နဲ့ အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 ကြေးဖွင့်လှစ်မှု ကတော့ ရီးရဲယ်မက်ဒရစ် အတွက် ၁.၄၃ ဆ၊ ဖရန့်ဖတ် အတွက် ၆.၂၀ ဆနဲ့ သရေ အတွက် ၄.၆၀ ဆ ဖြစ်ပါတယ်။ စုဖွဲ့မှု အရရော၊ သမိုင်းကြောင်း အရှိန်အဝါ အရရော၊ လက်ရှိ ခြေစွမ်းပိုင်း အရရော၊ ဘယ်လိုမှ ဖရန့်ဖတ် ဘက်မှာ နေဖို့ စဉ်းစားစရာ မလိုတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဖရန့်ဖတ်တို့ တကယ်ကောင်းတဲ့ အသင်းကြီးတွေနဲ့ တွေ့ရင် ဂိုး အလှူအတန်း ဘယ်လောက် ရက်ရောတယ် ဆိုတာ ဘေယန်မြူးနစ်နဲ့ ပွဲက သက်သေပါပဲ။ ဒါပေမယ့် ရီးရဲယ်မက်ဒရစ်တို့ Form အပြည့်အဝ ပြန်မိနေပါ့မလား ဆိုတဲ့ အချက်ကိုတော့ နည်းနည်း သတိပြုရမယ်။ ရီးရဲယ်မက်ဒရစ် အနိုင်သေချာတယ်။ ဒါပေမယ့် ၁.၄၃ ဆိုတဲ့ ဖွင့်လှစ်မှုက သိပ်ပြီး ကျေနပ်စရာတော့ ကောင်းမနေဘူး။ အဲ့တော့ ၁.၈၈ ဆ ရနိုင်မယ့် စုစုပေါင်း ဂိုး အရေအတွက် ၂ဂိုးမှ ၃ ဂိုး ဒါမှမဟုတ် ၁.၈၀ ဆ ရနိုင်မယ့် ဂိုးပေါင်း ၃ ဂိုးနဲ့ ၃ ဂိုး အောက် (ဂိုးအောက် ၃.၀၀) ကိုလည်း ထည့်ပြီး ရွေးချယ်သင့်တယ် ထင်တယ်။


ခန့်မှန်းရလဒ်

ရီးရဲယ်မက်ဒရစ် ၃-၀ ဖရန့်ဖတ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်