နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူမဝယ်ပေးလည်း ရှိတဲ့ လူစာရင်းနဲ့ပဲ တိုက်ပွဲဝင်ရမယ် ဆိုတဲ့ နာပိုလီ နည်းပြ ကွန်တီ | စီးရီးအေ

စီးရီးအေ ကလပ် နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းက ကစားသမားသစ် မခေါ်ပေးရင် ရှိတဲ့ လူစာရင်းနဲ့ပဲ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ နာပိုလီဟာ အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်တဲ့ ခါဗစ်ချာ ခါဗရာစခီလီယာကို ပီအက်စ်ဂျီ အသင်းထံ လက်လွှတ်ထားခဲ့ရပြီးနောက် ကစားသမားသစ် တစ်ဦး ခေါ်ယူ အားဖြည့်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

နာပိုလီက ဂျော်ဂျီယာသားရဲ့ နေရာမှာ အစားထိုးဖို့ ယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အလက်ဟန်ဒရို ဂါနာချို တို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒီနှစ်ဦးထဲ ကမှ အန်တိုနီယို ကွန်တီက အာဂျင်တီးနား ကြယ်ပွင့် ဂါနာချိုကို ပိုမို သဘောကျနေပြီးတော့ ကစားသမားနဲ့ တိုက်ရိုက် ဆက်သွယ်ထားခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေ ကလပ်က ဂါနာချိုကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့်လည်း သူတို့ ပေးနိုင်တဲ့ ဈေးက ယူနိုက်တက် လိုချင်တဲ့ ဈေးနဲ့ ကွာဟမှုတွေ ရှိနေတာကြောင့် အဆင်မပြေ ဖြစ်နေခဲ့တာပါ။

စီးရီးအေ ကလပ်က ဂါနာချိုကို ပထမအကြိမ် အဖြစ် ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက် ဘက်က ပယ်ချခဲ့ပါတယ်။
ဂါနာချို အတွက် နာပိုလီရဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားတဲ့ ယူနိုက်တက်

နာပိုလီက အသင်း ကနေ ထွက်ခွာခွင့် တောင်းခဲ့တဲ့ ခါဗရာစခီလီယာကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီထံ ယူရိုသန်း ၇၀ + အပိုဆုကြေးနဲ့ ရောင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ကွန်တီက ခါဗရာစခီလီယာရဲ့ နေရာမှာ အစားထိုးဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားထားသလို အသင်း ဘက်က မခေါ်ယူပေးနိုင်ရင်တော့ လက်ရှိ လူစာရင်း နဲ့ပဲ တိုက်ပွဲဝင်ရမှာ ဖြစ်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

“ကစားသမားသစ် ခေါ်ယူဖို့ ဆိုတာက အသင်း ဘက်က ဆုံးဖြတ်မှာပါ။ ကစားသမား အပြောင်းအရွှေ့မှာ ကျွန်တော် ဝင်မပါပါဘူး။ သူတို့ အနေနဲ့ ကျွန်တော့်ကို လာမေးမယ် ဆိုရင်တော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြမှာပါ။ ကျွန်တော်တို့ အနေနဲ့ မှန်ကန်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ ကျွန်တော့် အနေနဲ့ ရှိတဲ့ လူစာရင်းနဲ့ပဲ တိုက်ပွဲဝင်ရမှာပါ။ နာပိုလီက စီးရီးအေ ချန်ပီယံဆု ယူပေးခဲ့တဲ့ ကစားသမားတွေကို ဆုံးရှုံးထားပါတယ်။ ဒီရာသီမှာ အိုဆင်မ်ဟန်၊ ဇီလင်းစကီးနဲ့  ခါဗရာစခီလီယာတို့ ထွက်သွားပါတယ်။ ဒီလို ထွက်သွားလို့လည်း ဆင်ခြေပေးလို့ မရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားရမှာပါ။” လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

စီးရီးအေ ကလပ်က ဂါနာချိုကို ပထမအကြိမ် အဖြစ် ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက် ဘက်က ပယ်ချခဲ့ပါတယ်။ ဒါကြောင့် နာပိုလီက ယူရို သန်း ၆၀ ဝန်းကျင် ထပ်တိုး ကမ်းလှမ်းဖို့ ရှိနေပြီး ကစားသမားနဲ့လည်း တိုက်ရိုက် ချိတ်ဆက်ကာ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက် အရတော့ ယူနိုက်တက်က ဂါနာချို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ ဝန်းကျင် အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်