စီးရီးအေ ထိပ်သီး ကလပ် ဂျူဗင်တပ်စ် ကတော့ အသင်းမှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ယူနိုက်တက် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ အလဲအလှယ်လုပ်ချင်နေတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ အီတလီ သတင်း မီဒီယာ CalcioMercato.com က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ ကမှ အက်စတွန်ဗီလာ ကနေ ဂျူဗင်တပ်စ်ကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျော်ရွှာ ဇီယက်ခ်ဇီး ကလည်း ပြီးခဲ့တဲ့ နွေရာသီ ကမှ ဘိုလော့ဂ်နာ ကနေ ယူနိုက်တက်ကို ယူရို ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား နှစ်ယောက်စလုံးက သက်ဆိုင်ရာ အသင်းတွေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီးတော့ အသင်း ပြောင်းရွှေ့ဖို့ များနေကြတာ ဖြစ်ပါတယ်။
ဒေါက်ဂလပ်စ် လူးဝစ်ဇ်ဟာ ဂျူဗင်တပ်စ် အတွက် ဒီရာသီ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံမှာ ၃၁၂ မိနစ်သာ ဝင်ရောက် ကစားထားရပြီး သွင်းဂိုး မရသေးသလို၊ ဂိုးဖန်တီးမှုလည်း ပြုလုပ်ထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် လူးဝစ်ဇ် အနေနဲ့ အောက်တိုဘာလ ကတည်းက ကြွက်သား ဒဏ်ရာကြောင့် အသင်း အတွက် ကစားနိုင်ခြင်း မရှိသေးပါဘူး။ သတင်းတွေအရ ဆိုရင်တော့ ဂျူဗင်တပ်စ် တာဝန်ရှိသူတွေ အနေနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ အခြေအနေကို စိတ်ကုန်နေပြီးတော့ လာမယ့် ဇန်နဝါရီမှာ ယူနိုက်တက် တိုက်စစ်မှူး ဇီယက်ခ်ဇီးနဲ့ အလဲအလှယ် ပြုလုပ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
ဇီယက်ခ်ဇီး ကတော့ ဒီရာသီ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားထားပေမယ့် သွင်းဂိုး ၃ ဂိုးသာ ရရှိထာပြီး ၂ ဂိုး ကတော့ နောက်ဆုံး ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ နယ်သာလန် တိုက်စစ် ကစားသမားကို စီးရီးအေ ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီးတော့ ဂျူဗင်တပ်စ်က ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဇီယက်ခ်ဇီးကို ဘိုလော့ဂ်နာ မှာ ကတည်းက စိတ်ဝင်စားခဲ့ဖူးပြီး ယူနိုက်တက်ကို မရောက်ခင် ကလည်း ကြားဖြတ် ခေါ်ယူချင်ခဲ့သေးတဲ့ အသင်း ဖြစ်ပါတယ်။
ဒါကြောင့် စီးရီးအေ ကလပ်က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းရဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ဇီယက်ခ်ဇီးနဲ့ အလဲထပ် ပြုလုပ်ဖို့ ယူနိုက်တက်ဆီ ကမ်းလှမ်းဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ဂျူဗင်တပ်စ်မှာ ရုန်းကန်နေရတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အသင်းဟောင်း အက်စတွန်ဗီလာ ကလည်း ပြန်လည် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.