အေစီမီလန်မှာ ဆက်နေလိုတဲ့ လီယောင်၊ အယ်လ်နာဆာကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ကွာဒရာဒို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၆ ရက်နေ့ အတွက် ရရှိထားသမျှ နောက်ဆုံးရ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လီယောင် အသင်းမှာ ဆက်နေလိုကြောင်း အေစီမီလန် နည်းပြ ဖွင့်ဟ
အဆိုပါ စီးရီးအေ တိုက်စစ်မှူးကို မန်စီးတီး အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင်ကလည်း အသင်း ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။
ရော်နယ်ဒိုနဲ့ ပြန်လည် ပေါင်းထုပ်ဖွယ် ရှိနေတဲ့ ဂျူဗင်တပ်စ် တောင်ပံကစားသမား

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ တောင်ပံကစားသမား ဂျူအန် ကွာဒရာဒိုဟာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိ အယ်လ်နာဆာမှာ ရော်နယ်ဒိုလည်း ရှိနေတာကြောင့် ကွာဒရာဒိုသာ အယ်လ်နာဆာကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင် ဂျူဗင်တပ်စ် အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ တစ်သင်းတည်း အတူတွဲ ကစားခွင့် ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။
လာဇီယို ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုကြောင့် ငိုကြွေးခဲ့ရတဲ့ အမ်တီတီ




လက်ချီ နောက်ခံလူ ဆမ်မြူရယ် အမ်တီတီဟာ လာဇီယိုကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲမှာ ပြိုင်ဘက် ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုကြောင့် ငိုကြွေးခဲ့ရကြောင်း သိရပါတယ်။
အဲ့ဒါကြောင့်လည်း အမ်တီတီက ကွင်းအတွင်းကနေ မျက်ရည်တွေနဲ့ ထွက်ခွာခဲ့ရပြီး ဖီဖာဥက္ကဌ ဂျီယန်နီ အင်ဖန်တီနို ကလည်း လူမျိုးရေး ခွဲခြားသံတွေကို တိတ်ဆိတ်ပေးဖို့ အဆိုပါ ဖြစ်ရပ် အပြီးမှာ ပြစ်တင် ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.