အိုဆင်ဟန်ကို မရောင်းဘူးလို့ ဆိုလိုက်တဲ့ နာပိုလီ ဥက္ကဌ၊ ဇီယက်ချ်ကို ခေါ်ယူ လိုပေမယ့် ပျက်ပြယ်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ရိုးမား စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အိုဆင်ဟန်ကို မရောင်းဘူးလို့ ဆိုလိုက်တဲ့ နာပိုလီ ဥက္ကဌ
အဆိုပါ စီးရီးအေ တိုက်စစ်မှူးဟာ ဒီရာသီမှာ နာပိုလီ အတွက် အကောင်းဆုံး ခြေစွမ်းပြနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်၊ ဘေယန်မြူးနစ်တို့လို ဥရောပထိပ်တန်း အသင်းတွေက စောင့်ကြည့်နေကြပါတယ်။




ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ အီဘရာဟီမိုဗစ်
အေစီမီလန်ရဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး မကြာခင် အသင်း အတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။
အဆိုပါ ဆွီဒင် ဝါရင့် တိုက်စစ်မှူးကြီးဟာ ဒီရာသီမှာ စီးရီးအေ ကလပ် အတွက် တစ်ပွဲမှ ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။
ဇီယက်ချ်ကို ခေါ်ယူ လိုပေမယ့် ပျက်ပြယ်ခဲ့ကြောင်း ရိုးမား ဖွင့်ဟ
စီးရီးအေ ကလပ် ရိုးမား ဒါရိုက်တာ တီယာဂိုပင်တိုက ချဲလ်ဆီးရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဟာကင်မ် ဇီယက်ချ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပျက်ပြယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသင်း အနေနဲ့ နောက်ထပ် ပစ်မှတ်ကို ချိန်ရွယ်ခဲ့ပေမယ့် အဲ့ဒီအချိန်မှာ နီကိုလို ဇာနီယိုလိုက ဘုန်းမောက်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာကြောင့် အဆင်မပြေခဲ့ကြောင်းလည်း ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.