နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စီးရီးအေ နောက်ဆုံးရ သတင်းများ (၁၉/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်း အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒီဘားလားရဲ့ အပြောင်းအရွှေ့ အတွက် အဓိက ကျခဲ့တဲ့ မော်ရင်ဟိုရဲ့ ဖုန်းခေါ်ဆိုမှု

ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ အာဂျင်တီးနား ကြယ်ပွင့် ပေါ်လို ဒီဘားလား အနေနဲ့ နောက်ဆုံး မှာတော့ စီးရီးအေ ကလပ် ရိုးမား အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကို ရိုးမား၊ အင်တာမီလန်နဲ့ နာပိုလီတို့ ၃ သင်း အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင်က ရိုးမားရဲ့ ကမ်းလှမ်းမှုကို သဘောကျသလို နည်းပြ မော်ရင်ဟိုနဲ့ လက်တွဲချင်တာကြောင့် ရောမ ကလပ် ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အားလုံးထဲမှာ အင်တာမီလန်က ဒီဘားလားကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ အပြီးသတ်ခါနီးမှ အင်တာနဲ့ နာပိုလီတို့ ဒီဘားလား လိုချင်တဲ့ ပမာဏကို ပေးချေနိုင်ခြင်း မရှိတာကြောင့် နောက်ဆုတ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဆလိုဗက်ကီးယား ဗဟိုနောက်ခံလူကို ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးရီးအေ ကလပ် ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ သတ်မှတ်ထားပါတယ်။
ဘရီမာကို မခေါ်နိုင်ခဲ့ရင် ရှက်ခရီနီယာကို မရောင်းဖို့ ဆုံးဖြတ်ထားတဲ့ အင်တာမီလန်

La Gazzetta dello Sport ကတော့ ဒီဘားလားရဲ့ အပြောင်းအရွှေ့ အတွက် နည်းပြ မော်ရင်ဟိုရဲ့ ဖုန်းခေါ်ဆိုမှုက အဓိက အကျဆုံး ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဘားလားရဲ့ အေးဂျင့် ဂျော့ဂျ် အန်တွန်နဲ့ ရိုးမား အားကစား ဒါရိုက်တာ သီယာဂို ပင်တိုတို့ ညတွင်းချင်း တွေ့ဆုံခဲ့ကြပြီး ည ၁၁ နာရီလောက် ကနေ မနက် ၂ နာရီ အထိကို တောက်လျောက် ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ညှိနှိုင်းနေတဲ့ အချိန် မှာလည်း မော်ရင်ဟိုဟာ ပေါ်တူဂီ ကနေ အခြေအနေတွေကို အားလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ မနက် ၂ နာရီ မှာတော့ ဒီဘားလားက သူ့အနေနဲ့ ရိုးမားကို ပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း မော်ရင်ဟိုဆီ ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မော်ရင်ဟိုရဲ့ အားထုတ်မှုဟာ ဒီဘားလားရဲ့ အပြောင်းအရွေ့ အတွက် အဆုံးအဖြတ် ဖြစ်ခဲ့တယ်လို့ ပြောရပါမယ်။

ရိုးမားတို့ ဒီဘားလားကို ၃ နှစ် စာချုပ်ချုပ်ဆိုဖို့ ရှိပြီး ကစားသမား အနေနဲ့ သူတောင်းဆိုထားတဲ့ တစ်နှစ်လုပ်ခ ယူရို ၆ သန်း ရရှိမယ့် အပြင် စွမ်းဆောင်ရည် အပေါ် မူတည်ပြီး အပိုဆုကြေးတွေလည်း ထပ်ဆောင်း ရရှိဦးမှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီ ကွင်းလယ်လူကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေတဲ့ အေစီမီလန်နဲ့ ရိုးမား

စီးရီးအေ ချန်ပီယံ အေစီမီလန်နဲ့ ရိုးမားတို့ အနေနဲ့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဝစ်ဂျ်နယ်ဒမ်ကို ခေါ်ယူဖို့ အခွင့်အရေး ရရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ နယ်သာလန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ လစ်ဗာပူး ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပေမယ့် ရုန်းကန်နေရတာကြောင့် ပြင်သစ်မြေကို စွန့်ခွာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဝစ်ဂျ်နယ်ဒမ်ရဲ့ အေးဂျင့် ဖြစ်သူဟာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်နဲ့ ရိုးမား တို့ကို ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ကွင်းလယ်လူကို အေစီမီလန်က ခေါ်ယူဖို့ စိတ်မဝင်စားပေမယ့် ရိုးမား ကတော့ အလေးအနက်ထား စဥ်းစားနေတယ်လို့ သိရပါတယ်။ မော်ရင်ဟို ကိုယ်တိုင် ကလည်း ဝစ်ဂျ်နယ်ဒမ် အကြိုက်တွေ့ပြီး ပီအက်စ်ဂျီ ကလည်း ကနဦး အငှားချဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဝစ်ချ်နယ်ဒမ်ဟာ ပီအက်စ်ဂျီရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဥ် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပြီး ယူရို သန်း (၂၀) ဝန်းကျင်နဲ့ ရောင်းချသွားဖို့ စဥ်းစားထားပါတယ်။ ဒီကစားသမားဟာ ပီအက်စ်ဂျီမှာ တနှစ်လုပ်ခ ယူရို ၈ သန်း ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။


ရှက်ခရီနီယာ အတွက် ပီအက်စ်ဂျီရဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတဲ့ အင်တာမီလန်

အင်တာမီလန်ဟာ နောက်ခံလူ ရှက်ခရီနီယာ အတွက် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဆလိုဗက်ကီးယား ဗဟိုနောက်ခံလူကို ပီအက်စ်ဂျီက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စီးရီးအေ ကလပ် ဘက်ကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ သတ်မှတ်ထားပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 3.15
ဂိုးပေါ် 2.50 @ 2.02
ဂိုးပေါင် 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ ဆလိုဗက်ကီးယား နောက်ခံလူ အတွက် ပီအက်စ်ဂျီက ကမ်းလှမ်းခဲ့ဖူးပေမယ့် အင်တာမီလန် ဘက်က ငြင်းဆန် ပယ်ချခဲ့ဖူးပါတယ်

လက်ရှိအချိန်မှာ ပီအက်စ်ဂျီက ဗဟိုနောက်ခံလူ ကင်မ်ပမ်ဘီကို ချဲလ်ဆီးက ခေါ်ယူဖို့ နီးစပ်နေပါတယ်။ အကယ်၍ ကင်မ်ပမ်ဘီ ကိုသာ ရောင်းချဖြစ်ခဲ့ရင် ပီအက်စ်ဂျီ အနေနဲ့ စီးရီးအေ ကလပ် အင်တာမီလန် နောက်ခံလူ ရှက်ခနီယာနဲ့ အစားထိုးသွားဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ အင်တာမီလန် ကလည်း ဘဏ္ဍာရေး ပြဿနာအချို့ ရှိနေတာကြောင့် ရှက်ခရီနီယာကို ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားပါတယ်။

ပီအက်စ်ဂျီဟာ ရှက်ခရီနီယာ အတွက် ယူရို ၆၅ သန်း အပိုဆုကြေး ယူရို ၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိပြီး ဒီကမ်းလှမ်းမှုနဲ့ ဆိုရင်တော့ အင်တာမီလန် ကလည်း လက်ခံသွားဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်