နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလား ရရင် တူချယ်ကို အပိုဆုကြေး ပေါင် ၃ သန်းပေးမယ့် အင်္ဂလန်

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြသစ် သောမတ်စ် တူချယ် ကတော့ အင်္ဂလန် အသင်းနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ရင် အပိုဆုကြေး ပေါင် ၃ သန်း ရရှိမယ်လို့ သိရပါတယ်။ သောမက်စ် တူချယ် ကတော့ ပြီးခဲ့တဲ့ တစ်ပတ် ကပဲ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ရာထူး အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ဆွတ်ခူးပေးမယ်လို့လည်း ကြုံးဝါးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၅၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး နည်းပြ သောမတ်စ် တူချယ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ အဖြစ် လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပြီး စာချုပ် သက်တမ်း ကတော့ ၁၈ လ ဖြစ်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြထားပါတယ်။ တူချယ်ဟာ ဒေါ့မန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နဲ့တော့ အမြင့်ဆုံး အောင်မြင်မှုတွေ ရရှိထားခဲ့သူ ဖြစ်ပါတယ်။

တူချယ် က အင်္ဂလန် လက်ရွေးစင် နည်းပြ အဖြစ် ပထမဦးဆုံး အင်တာဗျူးမှာတော့ အခုလိုပဲ ဖြေကြားထားခဲ့တာ တွေ့ရပါတယ်။ တူချယ်က “မင်္ဂလာပါ။ သောမတ်စ် ဒီနေရာမှာ ရောက်နေပါပြီ။ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ ဖြစ်နေရပါ တယ်။ ဒါက အင်္ဂလန် နည်းပြ အဖြစ် ကျွန်တော်ရဲ့ ပထမဦးဆုံး မက်ဆေ့ချ်ပါပဲ။ ကျွန်တော် အခု ဝင်ဘလေ ကွင်းကြီးထဲမှာ ရှိနေပါတယ်။ ပြီးတော့ နည်းနည်းတော့ စိတ်လှုပ်ရှားစရာ အကြောင်းပြချက်လည်း ရှိနေပါတယ်။ အဲ့ဒါက ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်လို့ ပြောနိုင်ပါတယ်။” ဆိုပြီး ပြောကြားခဲ့တာပါ။

အဲဒီနောက် တူချယ်က “ဒီရာထူးကို လက်ခံရရှိလိုက်လို ဂုဏ်ယူစရာ ဖြစ်နေသလို ပထမဆုံး အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရဖို့ သေချာအောင် လုပ်ဆောင်ပေးသွားပါမယ်။ ပြီးတော့ ဒီအသင်း မှာလည်း ကမ္ဘာ့ဖလား တစ်ခုလည်း ရထားပြီးပါပြီ။ ဒုတိယမြောက် ကမ္ဘာ့ဖလားကို ထပ်မံ ရယူနိုင်ဖို့ ကြိုးစားသွားပါမယ်။ ကျွန်ေတာ်တို့ အသင်းရဲ့ ဂျာစီ အပေါ်မှာ ဒုတိယမြောက် ကြယ်ပွင့် ရလာဖို့ ကြိုးစားပါမယ်။ မကြာခင်မှာ ကွင်းထဲမှာ ပြန်တွေ့ကြပါမယ်။” လို့ ပြောဆိုသွားခဲ့ပါသေးတယ်။ တူချယ်က လာမယ့် ၂၀၂၅ ခုနှစ်က နေ စတင်ပြီး အင်္ဂလန် နည်းပြ ရာထူး အတွက် စတင် ဆောင်ရွက်သွားတော့မှာလည်း ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးအဖွဲချုပ် (FA)က သောမတ်စ် တူချယ်ကို ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ရည်ရွယ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရင်တော့ အပိုဆုကြေး ပေါင် ၃ သန်း ပေးအပ်ဖို့လည်း သဘောတူညီထားကြောင်း သိရပါတယ်။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)ဟာ နည်းပြဟောင်း ဆောက်ဂိတ် ကိုင်တွယ်စဉ်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ရင် အပိုဆုကြေး ပေါင် ၄ သန်း ပေးအပ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ဒါကြောင့် တူချယ်ကို ပေးအပ်မယ့် အပိုဆုကြေးက ဆောက်ဂိတ် ထက်စာရင် နည်းပါးတယ်လို့လည်း ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)က ဆောက်ဂိတ်ကို လုပ်ခ လစာ အဖြစ် တစ်နှစ်ကို ပေါင် ၂.၅ သန်းသာ ပေးချေခဲ့ပြီး တူချယ် ကိုတော့ တစ်နှစ်ကို ပေါင် ၅ သန်း ပေးချေမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်