ဒီဇင်ဘာ ၈ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ ကမ္ဘာ့ဖလားနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
“တစ်သက်လုံး စပိန် နည်းပြပဲ လုပ်ချင်တယ်”
စပိန်ဟာ အာဖရိကတိုက်က မော်ရိုကိုနဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ တစ်လုံးမှ ဝင်အောင် မကန်နိုင်ခဲ့တာကြေင့် (၂၀၂၂) ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရှုံးထွက်အဆင့် ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း အင်းနရစ်က အနာဂတ်နဲ့ ပတ်သက်လို့ အခုလိုမျိုး ဖွင့်ဟပြောကြားခဲ့တာပါ။ အင်းနရစ်က သူ့အနေနဲ့ ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်း ရှိမယ် ဆိုရင် စပိန် နည်းပြ အဖြစ် တစ်သက်လုံး နေသွားမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်မှာ အနာဂတ်နဲ့ ပတ်သက်လို့ ပြန်လည် စဥ်းစားရမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။




ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဂွန်ဆာလို ရာမို့စ်
ပေါ်တူဂီ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက် (၁၆) သင်းအဆင့်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ထိပ်တန်းအသင်းကြီးတွေရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပါပြီ။
ဒီပွဲမှာ ရာမို့စ် ကလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီ နည်းပြရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အဆိုပါ ဘင်ဖီကာ လူငယ်တိုက်စစ်မှူးဟာ ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမား အဖြစ် စောင့်ကြည့်ခံနေရပြီ ဖြစ်ပါတယ်။
မက်ဆီ တစ်ယောက်ထဲကို မဟုတ်ဘဲ အာဂျင်တီးနားကို ရင်ဆိုင်ရမှာပါလို့ ဆိုလာတဲ့ ဗန်ဒိုက်ချ်

ဒီနှစ်သင်းဟာ လာမယ့် သောကြာနေ့ညမှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဥ် အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အသင်း တစ်သင်းဆိုရင်လည်း မမှားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.