နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဖွင့်ပွဲမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ စပိန် – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

စပိန် ၁ – ၁ ဂရိ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ဘီပွဲစဉ်မှာ စပိန်တို့ ဂရိကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။စပိန်တို့အဲလ်ဗာရို မိုရာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်ဘက်ကာဆီးတက်စ်ရဲ့ ပင်နယ်တီ ချေပဂိုးကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

 
စပိန်နည်းပြ လူးဝစ်အင်းနရစ်ခ် ရဲ့ အသင်းဟာ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အဲလ်ဗာရိုးမိုရာတာ၊ အော်လမို၊ ဖာရန်းတောရက်စ်၊ ကွင်းလယ်မှာ ကိုကီ၊ ရိုဒရီ၊ ကန်နားလက်စ်၊ နောက်တန်းမှာ လော်ရန်တေး၊ ဂါစီယာ၊ ဆာဂျီယို ရာမို့စ်၊ ဂါယာ၊ ဂိုးမှာ ဆီမွန်တို့နဲ့ ပွဲထွက်လာပါတယ်။ ဂရိဘက်မှာလည်း ဆီမီကတ်စ်၊ ပါပါဒိုပူးလော့စ်၊ ဘာကာကစ်၊ မန်တာလော့စ်၊ ဘာကာဆီးတက်စ်တို့လို အမာခံကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။ အားလုံးခန့်မှန်းထားတဲ့ အတိုင်း စပိန်ဟာ ဂရိကို ပွဲချိန် တော်တော်များများ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူကစားပြီး တစ်ချက်ထိ အမြန်ပေးပုံစံနဲ့ ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် ဂရိခံစစ်ကလည်း လေးစားစရာ ကောင်းလောက်အောင်ကို မာကျောခဲ့လို့ စပိန်တို့ သွင်းဂိုးတွေ ရရှိဖို့ ခက်ခဲခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ စပိန်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ကိုကီရဲ့ အကွက်မြင်မြင် ပေးပို့မှုကတစ်ဆင့် တိုက်စစ်မှူး အဲလ်ဗာရိုး မိုရာတာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကြံခိုင်မှု သိပ်မပြည့်ဝတဲ့ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်နေရာမှာ မာတီနက်ဇ်ဝင်လာခဲ့လို့ စပိန်ခံစစ်အတွက် အားနည်းသွားခဲ့ပါတယ်။ ဒါ့အပြင် လူစားဝင်ကစားသမား မာတီနက်ဇ်ရဲ့ ပင်နယ်တီ ဧရိယာထဲမှာ မလုပ်သင့်တဲ့ အမှားကတစ်ဆင့် ဂရိကို ပင်နယ်တီပေးလိုက်ရပါတယ်။ ဒီပင်နယ်တီကိုတော့ ဂရိ တိုက်စစ်က ဘက်ကာဆီးတက်စ်က အမှားအယွင်းမရှိ သွင်းယူပေးခဲ့လို့ ၁-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဂရိကတော့ပိတ်ရက်မှာဟွန်ဒူးရပ်စ်နဲ့ခြေစမ်းပွဲကစားရမှာဖြစ်ပြီးဧပြီလ၁ရက်နေ့မှာတော့ဂျော်ဂျီယာနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမှာဖြစ်ပါတယ်။
ခံစစ်ကျစ်ကျစ်ပြီးဂိုးသွင်းဖို့ ခက်ခဲတဲ့ ဂရိ

 

ပွဲပြီးသုံးသပ်ချက်

စပိန် နည်းပြ လူးဝစ် အင်းနရစ်ခ် အနေနဲ့ လူငယ်ကစားသမားတွေနဲ့ သွေးသစ်လောင်းနေတဲ့ အချိန်မို့လို့ တစ်ချက်တော့ စောင့်ကြည့်ရပါဦးမယ်။ ဒီပွဲမတိုင်ခင်က ပြောခဲ့သလိုပဲ ဂရိလို ခံစစ်ကောင်းတဲ့ အသင်းနဲ့ဆိုရင် စပိန်တို့ အခက်တွေ့လိမ့်မယ်ဆိုတဲ့ အတိုင်း တကယ်တမ်း ကစားတဲ့ အချိန်မှာလည်း တိုက်စစ်ပိုင်း အားနည်းချက်တွေ တော်တော်လေး မြင်တွေ့ခဲ့ရပါတယ်။ ပွဲပြီး အချက်အလက်တွေ အရဆိုရင် စပိန်တို့ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး တိကျတဲ့ ဘောလုံးပေးပို့မှု ၈၅၀ အထိ ရှိခဲ့ပေမယ့် ဂရိကတော့ ၁၄၇ ကြိမ်သာ ရှိခဲ့ပြီး ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ပိတ်ဆို့ကစားသွားနိုင်တာကို ချီးကျူးရပါမယ်။
 

လာမယ့်ပွဲစဉ်များ

စပိန်တို့ လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ဂျော်ဂျီယာနဲ့ ကစားဖို့ ရှိပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ နိုင်ပွဲစရဖို့ အတွက် အကောင်းဆုံး အခြေအနေ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဂရိကတော့ ပိတ်ရက်မှာ ဟွန်ဒူးရပ်စ်နဲ့ ခြေစမ်းပွဲ ကစားရမှာ ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာတော့ ဂျော်ဂျီယာနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်